ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ


Date : 11 July, 2019

????????????????????????????????????

GIFMaker.org_g2MmKy
နေပြည်တော် ဇူလိုင် ၁၁
ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ပျဉ်းမနားမြို့၊ အခြေခံပညာမူလတန်းကျောင်း (ဘောဂဝတီ)၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးှနှင့် ဧည့်သည်တော်များသည် သတ်မှတ်နေရာများသို့ သွားရောက်နေရာယူကြပြီး မင်္ဂလာအချိန်တွင် ပြည်ထောင်စုဝန်ကြီးက မဟော်ဂနီပင်ကို စတင်စိုက်ပျိုးပြီး ဒုတိယဝန်ကြီးက ကံကော်ပင်ကို စိုက်ပျိုးကြသည်။
ယင်းနောက် ကြွရောက်လာသည့် ညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်သည်တော်များ၊ ကျောင်းသားကျောင်းသူ များက သစ်ပင်ပန်းမာန် များကို စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသားကျောင်းသူများသစ်ပင် စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ယနေ့ သစ်ပင်စိုက်ပွဲတော်တွင် မဟော်ဂနီ၊ ကံကော်၊ ခရေ၊ ပိတောက်၊ ကျွန်း၊ ပျဉ်းကတိုးစသော ရတနာတန်းဝင်အပင်(၂၀ဝ)နှင့် အခြားသောသစ်ပင် ပန်းမာန်များကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.