အခြေခံပညာ သင်ရိုးသစ်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 18 July, 2019

DSC_3362

GIFMaker.org_PNgVSR
ရန်ကုန် ဇူလိုင် ၁၈
အခြေခံပညာ သင်ရိုးသစ်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သိပ္ပံနှင့် ဝိဇ္ဇာဘာသာရပ်အဖွဲ့ခါင်းဆောင်များက သင်ရိုးသစ် Grade-7 နှင့် Grade-10 တို့ အတွက် ကျောင်းသုံး ဖတ်စာအုပ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆွေးနွေးတင်ပြကြ သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာကြီး ဆရာမကြီးများက လိုအပ်ချက်အခက်အခဲများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.