ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှ သင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာမူဝါဒနှင့် စပ်လျဉ်း၍ညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 31 July, 2019

DSC_6070

GIFMaker.org_9qTgKy

နေပြည်တော် ဇူလိုင်လ ၃၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှ သင်ကြားရေး ဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ အဆင့်မြင့်ပညာဦးစီးဌာနရုံး(၁၃) အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ နည်းပညာ/ ကွန်ပျူတာက္ကသိုလ်(၆၀)မှ ကျောင်း ကိုယ်စားလှယ် ဆရာဆရာမ (၁၂၀)ဦး၊ နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်(၁၀)ဦးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရာထူးတိုး/ပြောင်း ရွှေ့မှုဆိုင်ရာနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အတည်ပြုထားသော သတ်မှတ်ချက်များဖြင့် တရားမျှတမှုအရှိ ဆုံးဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များသည် ယခုမှသတ်မှတ်ရခြင်း ဖြစ်သည့်အတွက် မသတ်မှတ်မီကာလနှင့် သတ်မှတ်ပြီး ကာလများကွာခြားမှု ရှိမှာဖြစ်ပါကြောင်း၊ ကွာခြားမှု ရှိသည့်အတွက် နစ်နာသည်ဟ ယူဆသူများ ရှိနိုင်သလို အားသာချက်ရရှိသည်ဟု ခံစားသူများလည်း ရှိနိုင်ပါကြောင်း၊ သို့သော် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ဘဲ နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်နှင့် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရန် အတွက်သည်သာ ပထမဦးစားပေး ဖြစ်ပါကြောင်း၊ တက္ကသိုလ်များက ို စည်းမျဉ်းစည်းကမ်း သတ်မှတ်သည့် ကာလကို အသိပေးပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးလိုခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်း ဆောင်ရွက်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ်များနှင့် မန္တလေးတက္ကသိုလ်နှင့် ပူးပေါင်းသည့် မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မန္တလေး) များတို့ကို စွမ်းဆောင်ရည် အပေါ်အခြေခံပြီး တရားမျှတစွာ ယှဉ်ပြိုင်၍ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးများကိုလည်း ပြုလုပ်ပေးခြင်း ဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများကို Life Long Learning နှင့် Continuous Professional Development တို့အတွက် နိုင်ငံခြားပညာတော်သင်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် သုတေသနလုပ်ရန်၊ သုတေသနစာတမ်းများ ပြုလုပ်ရန်အတွက် အားပေးနေပါကြောင်း၊ ကိုယ်တာဝန် ထမ်းဆောင်နေသည့် တက္ကသိုလ်များ၊ ကိုယ်၏နိုင်ငံရေရှည် ဖွံ့ဖြိုးတက်ရေးကို ဦးစားပေးမျှော်မှန်းပြီး၊ ဦးတည်ပြီး ဆွေးနွေးပေးစေ လိုပါကြောင်း၊ တန်ဖိုးထား လေးစားရသည့် သိက္ခာရှိသော တက္ကသိုလ်များအဖြစ် ရပ်တည်နိုင်ရေး အရေးကြီးပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှ သင်ကြားရေး ဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က နည်းပညာ/ကွန်ပျူတာ တက္ကသိုလ်များမှ သင်ကြားရေး ဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းဆောင်ရွက်မည့် တန်းစီဇယား ရေးဆွဲရေးမူကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.