ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန ၂၀၁၉ခုနှစ် သီးခြားရာထူးတိုး/ပြောင်းဆောင်ရွက်မည့် တက္ကသိုလ်များနှင့်စပ်လျဉ်း၍ညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 12 August, 2019

2

augun12

နေပြည်တော် ဩဂုတ် ၁၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၁၉ ခုနှစ်သီးခြားရာ ထူးတိုး/ပြောင်း ဆောင်ရွက်မည့် တက္ကသိုလ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၂၁)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်(၁၆) ကျောင်းမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ဆွေးနွေးသည့် Performance သည် သီးခြားတက္ကသိုလ်(၁၆) ကျောင်းတို့အတွက် ညှိနှိုင်းဆွေးနွေးရမှာ ဖြစ်ကြောင်း၊ အာဆီယံတွင် တက္ကသိုလ်များက World Ranking အတွက် ပြိုင်ဆိုင်မှုပို၍ ပြင်းထန်လာသည်ကို တွေ့ရသဖြင့်Autonomous University ဦးတည်ရေးအားပေးရန် အရေးကြီးပါကြောင်း၊ Autonomous University အတွက် ဦးတည်ထားပြီး အားကောင်းရန် အားပေးပြီးလုပ်ဆောင်ခြင်းဖြစ်သည့်အတွက် အရည်အချင်းရှိသည့် ဘွဲ့ရလူငယ်မောင်မယ်များပြုစုပျိုးထောင်ရေးလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊Performance သည် Research အဓိကဖြစ်သည့်အတွက်သုတေသနများပြုလုပ်ရာတွင် ဘာသာရပ်၊ ဒေသ၊ နိုင်ငံကိုအကျိုးပြုစေမည့် အသုံးချသုတေသန စာတမ်းများကို publication ပါပြုလုပ်ပြီးစာသင်ခန်းထဲတွင် ကျောင်းသားကျောင်းသူများအား မိမိရရှိလာသည့် အတွေ့အကြုံများကို ပြန်လည်သင်ကြားသင်ယူ လေ့ကျင့်ကြီးကြပ်ပေးရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်(၁၆) ကျောင်းကို နိုင်ငံတော်၏ ဂုဏ်ဆောင်တက္ကသိုလ်များ ဖြစ်ရန် အားပေးခြင်းဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်သူများသည် သုတေသန စွမ်းဆောင်ရည် မြင့်မားသည့် အရည်အချင်းများရှိရန် အရေးပါကြောင်းစသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (National Education Strategic Plan-NESP) (၂၀၁၆-၂၀၂၁)ကို ရေးဆွဲပြီး ဆောင်ရွက်ခဲ့ရာ ၄နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်သည့် အဆင့်မြင့်ပညာရေး ဖြစ်လာစေရန် ပညာရေးပြုပြင် ပြောင်းလဲရာတွင် အခြေခံမှစ၍ အဓိကထား ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ခုနှစ်တွင် အခြေခံပညာ ပြုပြင်ပြောင်းလဲမှု ပြီးစီးမှာဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်သည့် အဆင့်မြင့်ပညာရေး ဖြစ်လာစေရန်၊ တက္ကသိုလ်၏အရည်အသွေးမြင့်မားရန် Performance သည် အရေးကြီးပါကြောင်း၊ ၃နှစ်အတွင်းမှာ တက္ကသိုလ် အဆင့်မြင့်လာခြင်းသည် ပါမောက္ခချုပ်နှင့် ဆရာဆရာမ အားလုံးတို့၏ ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသည် သီးခြားရာထူးတိုး/ ပြောင်းဆောင်ရွက်မည့် တက္ကသိုလ်များအတွက် ဝန်ထမ်းရေးရာ မူဝါဒများသည် တစ်ဦးတစ်ယောက်ကို အခြေပြု၍ စဉ်းစားချမှတ်ထားခြင်း မဟုတ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် လျာထားသည့် မူဝါဒများကို အကောင်းဆုံးနှင့် အသင့်တော်ဆုံး ဝိုင်းဝန်းပူးပေါင်းပြီး ဆွေးနွေးပေးစေလိုပါကြောင်း၊ ယခုဆောင်ရွက်သည့် မှုဝါဒများသည် နောင်တွင်ဖြစ်လာမည့် တက္ကသိုလ်များ၏ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ယင်းနောက်ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ၂၀၁၉ခုနှစ် သီးခြားရာထူးတိုး/ပြောင်း ရေးဆွဲရေးမူသည် အဆင့်မြင့်ပညာကဏ္ဍ အနေဖြင့် (၄)ကြိမ်မြောက် ဖြစ်ပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် ပုဂ္ဂလိက အမြင်ဖြင့် မူဝါဒများကို မရေးဆွဲဘဲ system တစ်ခုလုံးကို ကိုယ်စားပြုပြီး ရေးဆွဲကြရန်နှင့် အထက်မြန်မာပြည် (၈)ကျောင်းနှင့် အောက်မြန်မာပြည် (၈)ကျောင်းအတွက် သီးခြားရာထူးတိုး/ပြောင်း ဆောင်ရွက်မည့်မူကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ၂၀၁၉ခုနှစ် သီးခြားရာထူးတိုး/ပြောင်း ဆောင်ရွက်မည့် တက္ကသိုလ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.