လုံခြုံဘေးကင်းပြီးကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် မိတ်ဆက်ခြင်းအခမ်းအနားနှင့် နည်းပြသင်တန်းကျင်းပ


Date : 20 August, 2019

4

20-8-2019 Swit aug 20

နေပြည်တော် ဩဂုတ် ၂၀

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆွစ်ဇာလန်နိုင်ငံသံရုံး၊ ဆွစ်ဖွံ့ဖြိုးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Swiss Agency for Development and Cooperation-SDC)တို့ ပူးပေါင်းကျင်းပသော လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်စာအုပ်နှင့် လုပ်ငန်းစဉ်မိတ်ဆက်ခြင်း၊ နည်းပြသင်တန်းကျင်းပခြင်း အခမ်းအနားကို ယနေ့နေ့လည် ၁နာရီတွင် နေပြည်တော်ရှိ grand amara ဟိုတယ်၌ကျင်းပရာပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံတွင် မတူကွဲပြား၊ထူးခြားသည့် မြေမျက်နှာသွင်ပြင်၊ အရင်းအမြစ်များနှင့် အမျိုးမျိုးသောသဘာဝဘေး အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေများအလိုက် အခြေခံပညာ စာသင်ကျောင်းများ ဆောက်လုပ်ရာတွင် ပုံစံမျိုးစုံကွဲပြားလျက်ရှိပါကြောင်း ၊ပညာရေးဝန်ကြီးဌာနအနေဖြင့်ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများအားလုံး လုံခြုံဘေးကင်းပြီး သင်ယူပျော်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ရန်နှင့် မတူကွဲပြား မှုများ အလိုက်လိုအပ်ချက်များကို အရည်အသွေးပြည့်မီစွာဖြင့် ဖြည့်ဆည်းနိုင်ရန်အတွက် အခြေခံပညာကျောင်း အဆောက်အဦများ ဆောက်လုပ်ရာတွင် လိုအပ်သော စံချိန်စံညွှန်းများ၊ သတ်မှတ်ချက်များနှင့် လုပ်ငန်းစဉ်များကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာလုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဆောက်လုပ်ရေး လမ်းညွှန်စာအုပ်အား ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စာသင်ကျောင်းတည် ဆောက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ၊ စာသင်ကျောင်း ဆောက်လုပ်ရေးဆိုင်ရာ အင်အားစုများနှင့် စာသင်ကျောင်း ဆောက်လုပ်ရေး နည်းပညာလုပ်ငန်းအဖွဲ့တို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ရေးဆွဲပြုစုခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ “လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်စာအုပ်” သည် မြန်မာနိုင်ငံအတွင်း စာသင်ကျောင်း ဆောက်လုပ်ရေး စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စာအုပ်ပါလမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းပညာများအားလုံးသည် အခြေခံပညာဦးစီးဌာန၏ စာသင်ကျောင်းများ တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အရည်အသွေး ကောင်းမွန်စေရန် အကျိုးပြုမည် ဖြစ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အတူ စာသင်ကျောင်း ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် သက်ဆိုင်သော တိုင်းဒေသကြီး၊ပြည်နယ် အစိုးရဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များပါဝင်သော လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လုပ်ငန်းလမ်းညွှန်စာအုပ် အကောင်အထည်ဖော် အသုံးပြုနိုင်ရေးလုပ်ငန်းအဖွဲ့ -SCSCG Task Force (ဗဟိုအဆင့်)ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ အတည်ပြုဖွဲ့စည်းခဲ့ပြီးလုပ်ငန်းနယ်ပယ်(၄)ခုဖြင့်မြန်မာနိုင်ငံတစ်ဝန်းလုံးရှိအခြေခံပညာစာသင်ကျောင်းများဆောက်လုပ်ရေးလုပ်ငန်းများအတွက်အဓိကထား သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အစီအစဉ်ကို အပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်မှာဖြစ်ပြီး လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ် မိတ်ဆက်ခြင်းအစီအစဉ် ပထမပိုင်းကို နေ့ဝက်မျှဆောင်ရွက်ပေးပြီး လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန် စာအုပ်ဆိုင်ရာ နည်းပြသင်တန်းအစီအစဉ် ဒုတိယပိုင်းကို (၂)ရက်တာမျှ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်ပညာရေးဌာနနှင့် အခြေခံပညာစာသင်ကျောင်း ဆောက်လုပ်ရေး ဌာနမှတာဝန်ရှိသူများအား နည်းပြသင်တန်း အစီစဉ်ကိုပံ့ပိုး ပေးသွားမည် ဖြစ်ပါကြောင်း၊ယနေ့ ကျင်းပပြုလုပ်သည့် နည်းပြသင်တန်းသည်များစွာ အကျိုးပြုမည်ဟု ယုံကြည်ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း အကောင်းဆုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်ချက်များနှင့် အတွေ့အကြုံများကို မိမိတို့၏စာသင်ကျောင်း ဆောက်လုပ်ရေး လုပ်ငန်းစဉ်များမှာ လက်တွေ့ ပြန်လည် အကျိုးပြုကြပါရန် တိုက်တွန်းပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ ဆွစ်ဖွံ့ဖြိုးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(SDC)မှ Program Manager, Mr. Mark Haeussermann မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး အခမ်းအနားကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ၊ လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်စာအုပ် အကောင်အထည်ဖော် အသုံးပြုနိုင်ရေးလုပ်ငန်းအဖွဲ့ (Safe and Child-Friendly School Construction Guidelines – SCSCG Task Force) မှတာဝန်ရှိသူများ၊ ဆွစ်ဖွံ့ဖြိုးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(SDC)မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။



Bookmark the permalink.

Comments are closed.