တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ ရင်သွေးငယ်များအား ပညာသင်ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ


Date : 23 August, 2019

DSC_0149

Augu 23

နေပြည်တော် သြဂုတ် ၂၃

ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ ရင်သွေးငယ်များအား ပညာသင်ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကို ၂၃-၈-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၂၁ တွင်ကျင်းပသည်။

ရှေးဦးစွာ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပညာသင်ထောက်ပံ့ပစ္စည်းများကို နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အထက်တန်းကျောင်းသား ကျောင်းသူများကိုယ်စား မောင်မင်းခန့်ကျော် နှင့် အလယ်တန်းကျောင်းသား ကျောင်းသူများကိုယ်စား မသော်ဝတီဆု အားလည်းကောင်း၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက မူလတန်းကျောင်းသားကျောင်းသူများ ကိုယ်စား မမိုးအိအိသိမ့် အားလည်းကောင်း၊ ဝန်ကြီးရုံးစာရင်းစစ် နှင့့် ဘဏ္ဍာရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာမာချိုက KG တန်း ကျောင်းသားကျောင်းသူများ ကိုယ်စား မောင်ရှင်းခန့်ပိုင် အားလည်းကောင်း ပညာသင်ထောက်ပံ့ပစ္စည်းများကို အသီးသီးပေးအပ်သည်။

ထို့နောက် မိဘများကိုယ်စား ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာငြိမ်းဝေက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ကြီးရုံးမှ ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သားသမီးများတက်ရောက်ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.