ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာရေးမိသားစုများနှင့် တွေ့ဆုံ


Date : 2 September, 2019

1

sept 2

နေပြည်တော် စက်တင်ဘာ ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာရေး မိသားစုများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲတွင် မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအရ ပညာရေးပြုပြင် ပြောင်းလဲမှုများကို၂၀၁၆ ခုနှစ် ဧပြီလမှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်း ကာလများအတွင်း ဆရာ ဆရာမများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာအရင်းခံ၍ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် တိုင်းဒေသကြီး၏ ပညာရေးအòန်း ကိန်းများ သိသိသာသာတိုးတက် ကောင်းမွန်နေသည်ကို တွေ့မြင်ရပါ ကြောင်း၊ မူလတန်းကျောင်းထွက်နှုန်း လျော့နည်း၍ အလယ်တန်းနှင့် အထက် တန်းကျောင်းတက်နှုန်းများ တိုးတက် မြင့်မားလာပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူဦးရေ တိုးတက်လာပါ ကြောင်း၊ ထို့အပြင် တိုင်းရင်းသား ကလေးငယ်များကို ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းတို့တွင် တိုင်းရင်းသား ဘာသာစကား စာအုပ်များကို ဒေသ သင်ရိုးအဖြစ် သတ်မှတ်၍ တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ် ဖြင့် သင်ကြားပေးနိုင်ရေး ပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ စတုတ္ထတန်း၊ ပဥ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်းနှင့် န၀မတန်းများတွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် များနှင့် လိုက်လျောညီထွေသည့် သမိုင်း၊ ပထဝီ၊ ယဉ်ကျေးမှုနှင့်စီးပွားရေးတို့ကို ပေါင်းစပ်၍ အတန်းလိုက် ဒေသသင်ရိုး အဖြစ် ပြုစုနိုင်ရန် သတ်မှတ်ထားပါ ကြောင်း၊ ဒသမတန်းနှင့် ဧကဒသမတန်း၊ ဒွါဒသမတန်းတို့တွင် အိုင်စီတီ၊ သက်မွေး ကြိုဘာသာရပ်များကို ဒေသသင်ရိုး အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဆရာ ဆရာမများ၏သိရှိလိုသည်များကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးသည်။



Bookmark the permalink.

Comments are closed.