ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဒုတိယနေ့တက်ရောက်ဆွေးနွေးပြောကြား


Date : 17 October, 2019

2

Oct 17

နေပြည်တော် အောက်တိုဘာ ၁၇
၂၀၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ အခမ်းအနား ဒုတိယနေ့အစီအစဉ်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ဆက်လက်ကျင်းပ လျက်ရှိရာ ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေး ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီးက နှီးနှောဖလှယ်ပွဲတွင် ပူးပေါင်းပါ၀င် ဆောင်ရွက်ကြသူများ အားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်း၊ ပညာရေး၀န်ကြီးဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ ချန်မထားရေး၊ အားလုံးသင်ယူမှု အခွင့်အလမ်းရရှိရေးတို့ကို မူဝါဒအဖြစ်ထားရှိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ၂၁ ရာစုခေတ်ကာလတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် ကျောင်းသားကျောင်းသူများအား High Level Skills ရရှိအောင် သင်ကြားသင်ယူ လေ့ကျင့်ပေးကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးအတူတကွ ညီညီညွတ်ညွတ်ဖြင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားသည်။
ယနေ့ကျင်းပခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်) တွဲဖက်ပါမောက္ခ ဦးမျိုးသန့်က အဆင့်မြင့်ပညာ ကျောင်းများနှင့် ဆရာသမဂ္ဂများ၏ အခန်းကဏ္ဍ စာတမ်းကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာန ကထိက ဦးသုတက အဆင့်မြင့်ပညာကျောင်းများ၏ ပညာရေးဆိုင်ရာ လွတ်လပ်စွာ စီမံခန့်ခွဲမှုနှင့် စိန်ခေါ်မှုများ စာတမ်းကိုလည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင်က ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် များဆိုင်ရာ စာတမ်းကိုလည်းကောင်း၊ President, Private Higher Education Institutions Association မှ ဒေါက်တာကျော်မိုးထွန်းက The Role of Higher Education in Myanmar: Opportunities, Challenge and Hopes စာတမ်းကို လည်းကောင်း၊ နည်းပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီက University Industry Linkages စာတမ်းကိုလည်းကောင်း၊ မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသူရဦး က တက္ကသိုလ်များရှိ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနများ၏ တာ၀န်များ စာတမ်းကိုလည်းကောင်း၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစီစီလှဘူးက ဒေသနှင့်လိုက်လျောညီထွေရှိသော ဘွဲ့သင်တန်း၊ ဒီပလိုမာသင်တန်းများ၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ သုတေသနလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး စာတမ်းကိုလည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေဝင်းဦးက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏အချက်အလက်များအပေါ် သုံးသပ်တင်ပြခြင်း စာတမ်းကိုလည်းကောင်း ဖတ်ကြားကြပြီး စာတမ်းအလိုက် ဆွေးနွေးညှိနှိုင်း ရရှိချက်များကို အကြံပြုဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲအတည်ပြုကြကြောင်း သိရှိရသည်။



Bookmark the permalink.

Comments are closed.