ပညာရေးဝန်ကြီးဌာနဝန်ကြီးရုံးနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သော (Executive Master of Business Administration & Executive Master of Public Administration သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


Date : 27 October, 2019

2

Oct 27

နေပြည်တော် အောက်တိုဘာ ၂၇
ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သော (Executive Master of Business Administration & Executive Master of Public Administration သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးတင်ထွန်း၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ္ခချုပ်များ၊ ပါမောက္ခများ၊ EMBA နှင့်EMPA သင်တန်းသူသင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ဤသင်တန်း ဖြစ်မြောက်ရေးနှင့် သင်ယူမှုဝန်းကျင်ကောင်း ဖြစ်လာစေရန် ပူးပေါင်း ဆောင်ရွက်ပေးကြပါသော ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခ္ခချုပ်နှင့် ဆရာဆရာမများ၊ တာဝန်ရှိသူများအား ကျေးဇူးအထူးတင်ရှိ မှတ်တမ်းတင်ပါကြောင်း၊ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားရသော ရည်ရွယ်ချက်မှာ နိုင်ငံတော်အစိုးရရုံး ဌာနများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများမှ အရာရှိကြီးများကိ ုပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ပြည်သူ့ရေးရာ မူဝါဒများကို နားလည်သိရှိလာပြီး လုပ်ငန်းခွင်များတွင် ပြည်လည်အသုံးချနိုင်ရန် ရည်ရွယ်ကြောင်း၊ တစ်သက်တာ သင်ယူမှု အခွင့်အလမ်းရရှိရေး၊ နက်နက်နဲနဲ သင်ယူပြီး သင်ယူသူအား ဗဟိုပြုသော သင်ကြားသင်ယူမှု နည်းစနစ်များ အရည်အသွေးမြှင့်တင်ရေး၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးရေးကို အထောက်အကူပြုစေမည့် အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်ရေး၊ သုတေသန အချက်အလက် အထောက်အထား အခြေပြုလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေး၊ စဉ်းစားတွေးခေါ်မှုနှင့် ကျွမ်းကျင်မှု၊ အသိပညာဗဟုသုတ၊ ကောင်းမွန်သော သဘောထားအမြင်များနှင့် အပြန်အလှန် နားလည်လေးစား တန်ဖိုးထား တတ်မှုဆိုင်ရာ စွမ်းဆောင်ရည်များ မြှင်တင်ခြင်းတို့သည် ရေရှည်တည်တံ့ ခိုင်မြဲဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေးစနစ်များနှင့်အညီ နိုင်ငံပိုင်၊ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲသော ပညာရပ်များသည် အရေးကြီးပါကြောင်း။
သင်ကြားပို့ချရာတွင် ဆရာဆရာမများ၏ ပို့ချမှုများအပြင် သင်တန်းသားများ၏ Individual assignmentsများ၊presentations များ၊ group workများ၊group assignments များ၊ group presentations များထည့်သွင်း ထားသည့်အတွက် တစ်ဦးချင်း၏ အရည်အသွေးမြင့် မားလာစေရုံသာမက အတန်းသားအချင်းချင်း စည်းလုံးညီညွတ်မှု၊ ပူးပေါင်း ဆောင်ရွက်တတ်မှု၊ တာဝန်ခွဲဝေ တတ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများကို နားလည်သိရှိ အသုံးချလာနိုင်မှာ ဖြစ်ကြောင်း၊ ဆရာဆရာမများအနေဖြင့် စနေ၊ တနင်္ဂနွေနေ့များတွင် အားလပ်ရက် မယူဘဲကြိုးစားပေးသကဲ့သို့ အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက အမှာစကား ပြောကြားသည်။ EMPA ကျောင်းသားဟောင်း တစ်ဦးက ကြိုဆိုနုတ်ခွန်းဆက်စကား ပြောကြားပြီး EMPA ကျောင်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး EMPA သင်တန်းသားသင်တန်းသူ (၄၇)ဦးဖြစ်၍ EMBA သင်တန်းသား သင်တန်းသူ (၄၉)ဦးဖြစ်ပြီး သင်တန်းကာလမှာ (၂)နှစ်ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.