
နေပြည်တော် အောက်တိုဘာ ၃၁
၂၀၂၀ ပြည့်နှစ်၊ (၇၂)မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက သဝဏ်လွှာ(မူကြမ်း) အား ရှင်းလင်းတင်ပြရာ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သဝဏ်လွှာနှင့် ပတ်သက်၍ လိုအပ်သည်များကို ညှိနှိုင်းဆွေး ကြသည်။
အခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သတင်းရရှိသည်