ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန သင်ကြားရေးဆရာဆရာမများ ရာထူးတိုး/ပြောင်းဆောင်ရွက်မည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 6 November, 2019

5

Nov 6
နေပြည်တော်နိုဝင်ဘာ၆

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန သင်ကြားရေးဆရာဆရာမများ ရာထူးတိုး/ ပြောင်းဆောင်ရွက်မည့် အစည်းအဝေးကို ယနေ့ နံနက် (၈)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃) အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များ၊ ကောလိပ်နှင့် ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ဆောင်ရွက်ကြသည်။



Bookmark the permalink.

Comments are closed.