ပြည်ထောင်စုနေ့ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 18 November, 2019

1

Nov 18
နေပြည်တော် နိုဝင်ဘာ ၁၈

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ၏ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်စိုးက သဝဏ်လွှာ(မူကြမ်း)အား ရှင်းလင်းတင်ပြရာ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များက သဝဏ်လွှာနှင့်ပတ်သက်၍ လိုအပ်သည်များကို ညှိနှိုင်းဆွေးကြသည်။
အခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီဝင် ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.