ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်အကြို မိတ်ဆုံညစာစားပွဲနှင့် ရန်ပုံငွေအားဖြည့်ပွဲ အခမ်းအနားတက်ရောက်


Date : 19 November, 2019

3

3gxv5i
ရန်ကုန် နို၀င်ဘာ ၁၉
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ည ၇ နာရီတွင် ရန်ကုန် မြို့ အင်းလျားလမ်းရှိ Golden Inya Restaurant ၌ကျင်းပသည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အကြို မိတ်ဆုံညစာစားပွဲနှင့် ရန်ပုံငွေေအားဖြည့်ပွဲ အခမ်းအနားသို့တက်ရောက်သည်။
ရှေးဦးစွာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အမှာစကားပြောကြားကြသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးက ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ပါ၀င်ပံ့ပိုးကူညီမည့် အစီအစဉ်များအား ဆေွးနွေးတင်ပြပြီး တက်ရောက်လာကြသည့် ကျောင်းသားဟောင်းများက အကြံပြုဆေွးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (ပညာရေး)



Bookmark the permalink.

Comments are closed.