သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသောသင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပ


Date : 28 November, 2019

2

Nov 28
နေပြည်တော် နိုဝင်ဘာ ၂၈
သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသောသင်ယူမှု ပူးပေါင်းအကောင်အထည်ဖော်ဆောင် ရွက်ရေး တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦး၀င်းသိန်းက နှုတ်ခွန်းဆက်အမှာစကားပြော ကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် ပဲခူးတိုင်းဒေသကြီးတွင် အခြေခံပညာကဏ္ဍ၌ ဆရာ ဆရာမစုစုပေါင်း(၄၄၂၁၉)ဦး၊ ကျောင်းအားလုံးတွင် ကျောင်းသား ကျောင်းသူ(၉၆၀၄၇၆)ဦးရှိပြီး အခြေခံပညာကျောင်း(၄၉၂၇)ကျောင်း ရှိပါကြောင်း၊ နည်းပညာ နှင့်သက်မွေးပညာကဏ္ဍတွင် ကျောင်း(၃)ကျောင်းရှိပြီး ဆရာ ဆရာမ(၁၅၃)ဦး၊ ကျောင်းသား ကျောင်းသူ(၁၁၉၉) ဦးရှိပါကြောင်း။ အဆင့်မြင့်ပညာကဏ္ဍတွင် ဝိဇ္ဇာသိပံ္ပတက္ကသိုလ်(၃) ကျောင်းရှိပြီး ဆရာ ဆရာမ(၈၃၈)ဦး၊ ကျောင်းသား ကျောင်းသူ(၇၂၄၃၉)ဦးရှိပါကြောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(၄)ကျောင်း ရှိပြီး ဆရာ ဆရာမ(၄၀၆)ဦး၊ ကျောင်းသား ကျောင်းသူ (၄၀၅၈)ဦး၊ ပညာရေးကောလိပ် (၂)ကျောင်းရှိပြီး ဆရာ ဆရာမ(၁၈၈)ဦး၊ ကျောင်းသား ကျောင်းသူ(၂၂၅၄)ဦးရှိပါကြောင်း၊၊
ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ်(၂၈)မြို့နယ်ရှိ၍ ကျေးရွာအုပ်စု စုစုပေါင်း(၁၄၁၄)ရှိပြီး ကျေးရွာအုပ်စု တိုင်းတွင် အနည်းဆုံး မူလတန်းလွန်ကျောင်း(၁)ကျောင်း ရှိပါကြောင်း၊ သို့သော်လည်း လိုအပ်ချက်များ ရှိနေသေး ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စာသင်ဆောင်(၃၅၅)ဆောင်၊ သိပံ္ပဆောင်(၇)ဆောင်၊ စာကြည့်တိုက်နှင့် မီဒီယာခန်းမ(၁၃)ဆောင်၊ ဝန်ထမ်းအိမ်ရာ(၄၁)ဆောင်၊ စုစုပေါင်း (၄၁၆)ဆောင် အတွက် ငွေကျပ် (၂၂၆၃၈.၇၅၅) သန်းဖြင့် ဖြည့်ဆည်းနိုင်ရေး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်(၆) ကျောင်း အတွက် ကျောင်းသား ကျောင်းသူအိပ်ဆောင် (၆)ဆောင်၊ စာသင် ဆောင်(၂)ဆောင်၊ ဘက်စုံခန်းမ(၂)ဆောင်၊ စားသောက်ဆိုင်တန်း(၁)ခု၊ ဘောလုံး ပွဲကြည့်စင်(၁)ခု၊ ဆရာ ဆရာမ ဆောင်(၁)ဆောင်၊ အရာရှိနေအိမ်(၁)လုံးနှင့် ဝန်ထမ်းအိမ်ရာ (၂)ဆောင်တို့ အားဖြည့်ဆည်းနိုင်ရေး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း။
ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းရင်းသားစာပေသင် Teaching Assistant(TA) (၆၄၀)ဦး၊ Language Teacher(LA) (၉၀၉)ဦး ခန့်ထားပြီးဖြစ်ပါကြောင်း၊ ပညာရေးကောလိပ် များကိုလည်း (၄) နှစ်သင်ဒီဂရီကောလိပ် အဖြစ် တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍတွင် ကာလတိုသင်တန်း(၁၈) မျိုး၊ ကာလရှည် သင်တန်း(၁၄)မျိုး ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိပြီး GTI(ပဲခူး)နှင့် GTI (တောင်ငူ)ကျောင်းသစ်များ ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပဲခူးတိုင်းဒေသကြီး၌ Grade-5 စစ်ဆေးအကဲဖြတ်ခြင်းတွင် အဆင့် A ဖြင့် အောင်မြင်သူ ၁၄.၅၆ ရာခိုင်နှုန်း၊ အဆင့် B ဖြင့် အောင်မြင်သူ ၄၃.၃၅ ရာခိုင်နှုန်း၊ အဆင့် C ဖြင့် အောင်မြင်သူ ၄၄.၀၈ ရာခိုင်နှုန်း၊ အဆင့် D ရရှိသူ ၀.၀၁ ရာခိုင်နှုန်း ရှိပါကြောင်း၊ Grade-9 စစ်ဆေးအကဲဖြတ်ခြင်းတွင် အဆင့် A၊ B၊ C ဖြင့် အောင်မြင်သူ ၁၀.၁၇ ရာခိုင်နှုန်း၊ ၃၁.၃၄ရာခိုင်နှုန်း၊ ၅၈.၄၉ ရာခိုင်နှုန်း အသီးသီးဖြစ်၍ အဆင့် D ရရှိ သူ ၀.၀၁ ရာခိုင်နှုန်းရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၂၉.၄၆ ရာခိုင်နှုန်းရှိပါ ကြောင်း တွေ့ရှိရသဖြင့် ကျောင်းသား တစ်ဦးချင်းစီ၏သင်ယူ တတ်မြောက်မှုအရည်အသွေးမြင့်မားရေးအတွက် နက်နက်နဲနဲ သင်ယူရေးကိုသာ အားပေးရန် အရေးကြီးပါကြောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လက်ပံတန်း)တွင် ဘာသာရပ်သင်တန်း များ၏ ပျမ်းမျှအောင်ချက်ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းရှိပါကြောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပြည်)တွင် ဘာသာရပ် သင်တန်းများ၏ပျမ်းမျှအောင်ချက်ရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းရှိပါကြောင်း။
GTHS (တောင်ငူ)တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက်ရာခိုင်နှုန်း ၉၁ ရာခိုင်နှုန်းရှိပါ ကြောင်း၊ ပဲခူးတက္ကသိုလ်တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက်ရာခိုင်နှုန်း ၉၀.၈ ရာခိုင်နှုန်းရှိပါ ကြောင်း၊ ပြည်တက္ကသိုလ်တွင် ဘာသာရပ်သင်တန်းများ ၏ ပျမ်းမျှအောင်ချက်ရာခိုင်နှုန်း ၈၆.၆ ရာခိုင်နှုန်း ရှိပါကြောင်း၊ တောင်ငူတက္ကသိုလ်တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအာင်ချက် ရာခိုင်နှုန်း ၈၉ ရာခိုင်နှုန်း ရှိပါ ကြောင်း၊ နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် ဘာသာရပ် သင်တန်းများ၏ ပျမ်းမျှအာင်ချက်ရာခိုင်နှုန်း ၉၉.၉ ရာခိုင်နှုန်းရှိပါကြောင်း၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက် ရာခိုင်နှုန်း ၈၅.၃ ရာခိုင်နှုန်း၊ နည်းပညာ တက္ကသိုလ်(ပြည်)တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက် ရာခိုင်နှုန်း ၉၈.၉ ရာခိုင်နှုန်း၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက် ရာခိုင်နှုန်း ၉၇.၉၅ ရာခိုင်နှုန်း၊ တောင်ငူပညာရေး ကောလိပ်တွင် ဘာသာရပ်သင်တန်းများ၏ ပျမ်းမျှအောင်ချက် ၉၇.၉၅ ရာခိုင်နှုန်း၊ ပြည်ပညာရေး ကောလိပ်တွင် ဘာသာရပ် သင်တန်းများ၏ပျမ်းမျှအောင်ချက် ၁၀၀ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၈၂၀၁၉ ပညာသင်နှစ်၌ ရိုးရိုးဘွဲ့ရရှိသူဦးရေ (၈၅၃၁)ဦး၊ ဂုဏ်ထူးဘွဲ့ရရှိသူ ဉီးရေ (၃၀၂)ဦး၊ မဟာဘွဲ့ရသူဦးရေ (၁၆၃)ဦးရှိပါကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်း ဒေသကြီးတွင် ကျောင်းနေအရွယ် ကလေးအားလုံး တစ်သက်တာသင်ယူမှု အခွင့်အလမ်းရရှိရေးနှင့် အရည်အသွေးရှိသော သင်ယူတတ်မြောက်မှု အခွင့်အလမ်း ရရှိရေးတို့အတွက် လိုအပ်နေသော ဆရာ ဆရာမများ၊ စာသင်ခန်းများ၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ၊ အိုင်စီတီများ၊ အိပ်ဆောင်များ၊ အိမ်ရာများ အကျိုးရှိ ထိရောက်ပွင့်လင်းမြင်သာစွာ ဖြည့်ဆည်းပူးပေါင်း ဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက ပညာရေးသုတေသနစီမံကိန်း နှင့်လေ့ကျင့်ရေးကဏ္ဍ၊ အခြေခံ ပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ၊ နည်းပညာသက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ စသည့်သက်ဆိုင်ရာကဏ္ဍများ အလိုက် အသီးသီးတင်ပြဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသူများသိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များဖြည့် ဆည်းနိုင်ရေးပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှုပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာလ(၂၅)ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.