ရန်ကုန်တက္ကသိုလ် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်


Date : 1 January, 2020

4

Jan 1

ရန်ကုန် ဇန်နဝါရီ ၁
ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုပေါင်း အမှိုက်ကောက်ခြင်းကို ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေပရိဝုဏ်၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ပူးပေါင်း၍ အမှိုက်ကောက်ခြင်းကို ၂၀၁၈ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌လည်းကောင်း၊ ၂၀၁၉ခုနှစ်တွင် အမြန်လမ်း(၀)မိုင်၌လည်းကောင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ၂၀၂၀ပြည့်နှစ်တွင် ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေ၌ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် We Clean, We Educate, We Change နှင့်အညီ မိမိပတ်ဝန်းကျင် သန့်ရှင်းစေရန် ဆောင်ရွက်ကြရာတွင် အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် အားလုံးပူးပေါင်း ဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ အမှိုက်ကင်းစင်ခြင်းသည် စိတ်ကိုကြည်နူးစေပြီး ခွန်အားလည်းဖြစ်စေပါကြောင်း၊ တက္ကသိုလ်များတွင် အမှိုက်ကောက်ခြင်းကို ပုံမှန်ဆောင်ရွက် သွားကြစေလိုပါကြောင်း၊ လာရောက်ပူးပေါင်း ဆောင်ရွက်ပေးသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ရွှေအိုရောင်တက္ကသိုလ် ကျောင်းသားဟောင်းအသင်း၊ ရန်ကုန်တက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ များအားလည်းကျေးဇူးတင်ရှိပါကြောင်း၊ နှစ်သစ်တွင် ကျန်းမာပျော်ရွှင် ကြပါစေကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူ(၂၀၀)ဦးခန့်တို့က အဖွဲ့(၃)ခွဲ၍ စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) ပရိဝုဏ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အမှိုက်ကောက်ရှင်းလင်းခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်းသိရှိရသည်။



Bookmark the permalink.

Comments are closed.