ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်


Date : 1 January, 2020

26

3l3pbb
နေပြည်တော် ဇန်နဝါရီ ၁
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့ ညနေပိုင်းက ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ သက်ဆိုင် ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူ နည်းပြများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဆုချီးမြှင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော် (အမျိုးသား)ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်း၊ ပူးတွဲတတိယဆုရရှိသည့် ကယား ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့အားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက (အမျိုး သမီး)ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ဧရာ၀တီတိုင်း ဒေသကြီးအသင်း၊ ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား လည်းကောင်း၊ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က (အမျိုးသား) ဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် နေပြည်တော်အသင်း၊ ပူးတွဲ တတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့အားလည်းကောင်း ဆုများချီးမြှင့်ကြ သည်။
ဆက်လက်၍ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့်က (အမျိုးသမီး) ဘောလီဘော ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာ၀တီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသည့် ကယားပြည်နယ်အသင်း၊ ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့အားလည်းကောင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပူးတွဲတတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အသင်းတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ အားကစားနည်း (၄)မျိုး(ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း)ဖြင့်ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီးက ရွှေ(၁၅)ခု၊ ငွေ(၂)ခု၊ ကြေး(၄)ခု၊ ရှမ်း ပြည်နယ်က ရွှေ(၃)ခု၊ ငွေ(၂)ခု၊ ကြေး(၁)ခု၊ မကွေးတိုင်းဒေသကြီးက ရွှေ(၂)ခု၊ ငွေ(၄)ခု၊ ကြေး(၆)ခု၊ ပဲခူးတိုင်း ဒေသကြီးက ရွှေ(၂)ခု၊ ငွေ(၃)ခု၊ ကြေး(၄)ခု၊ ကချင်ပြည်နယ်က ရွှေ(၂)ခု၊ ငွေ(၃)ခု၊ ကြေး(၃)ခု၊ ဧရာဝတီ တိုင်းဒေသကြီးက ရွှေ(၂)ခု၊ ငွေ(၃)ခု၊ ကြေး(၁)ခု၊ ရန်ကုန်တိုင်းဒေသကြီးက ရွှေ(၂)ခု၊ ငွေ(၂)ခု၊ ကြေး(၃)ခု၊ မွန်ပြည်နယ်က ရွှေ(၁)ခု၊ ငွေ(၅)ခု၊ ကြေး(၂)ခု၊ မန္တလေးတိုင်းဒေသကြီးက ရွေ(၁)ခု၊ ငွေ(၂)ခု၊ ကြေး(၃)ခု၊ စစ်ကိုင်း တိုင်းဒေသကြီးက ရွှေ(၁)၊ ငွေ(၁)ခု၊ ကြေး(၃)ခု၊ နေပြည်တော်က ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ကြေး(၁)ခု၊ ကယား ပြည်နယ်က ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ကရင်ပြည်နယ်က ငွေ(၁)ခု၊ ကြေး(၃)ခု၊ ချင်းပြည်နယ်က ငွေ(၁)ခု၊ ကြေး(၁)ခု၊ ရခိုင်ပြည်နယ်က ကြေး(၂)ခု ရရှိခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.