ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်း အောင်လက်မှတ်ချီးမြှင့်


Date : 8 January, 2020

P-3_2

Jan 8 eng Lang Cer
နေပြည်တော် ဇန်နဝါရီ ၈

ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်ဘာသာ စကား ကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၄) အောင် လက်မှတ် ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနား၌ ဝန်ကြီးဌာန ၁၈ ခုနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၉ ခုတို့မှ အရာထမ်း (၈၃) ဦးနှင့် အမှုထမ်း (၉၃) ဦးတို့ သည် ပညာရေး ဝန်ကြီးဌာနက ချီးမြှင့်သော အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှု အောင် လက်မှတ်ကို လက်ခံရရှိကြမည် ဖြစ်သောကြောင့် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုကြောင်း၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ ဇွဲလုံ့လဖြင့်သင်ကြား၊ သင်ယူမှု၏ အောင်မြင်မှုကို အသိအမှတ် ပြုခွင့်ရသဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ဘဝတစ်သက် တာသင်ယူလေ့ လာသူများ၏ အရည်အသွေး တိုးတက်လာစေရန် သင်ကြား သင်ယူမှု၊ လေ့ကျင့်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ် မှုမှအစပြု၍ သင်ယူမှု ဝန်းကျင် ကောင်းများကို ဖန်တီးအားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဝန်ထမ်းများ၏ အရည်သွေးမြှင့် တင်ရေးအတွက် ဤသင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သင်တန်းသားများသည် မိမိတို့ တတ်မြောက်ထားသော အင်္ဂလိပ်ဘာသာ စကား စွမ်းရည်ဖြင့်သက်ဆိုင်ရာ မိမိတို့ ဝန်ကြီးဌာန အသီးသီးတွင် ပြန်လည်၍ အထောက်အကူပြု နိုင်မည်ဟု ယုံကြည်ကြောင်း၊ မိမိလုပ်ငန်းခွင်တွင် အင်္ဂလိပ်စာကို အသုံးချနိုင် သောစွမ်းရည် သည် မိမိအလုပ်ကို ယုံကြည်ချက် အပြည့်ဖြင့် လုပ်ကိုင်နိုင်စွမ်း ရှိလာမည် ဖြစ်သောကြောင့် မိမိလုပ်ငန်းခွင် တွင်အောင်မြင်မှု ပိုမိုရရှိလာမည်ဖြစ်ကြောင်း ရှေ့ဆက်လက်၍ မိမိကိုယ်ကို ထာဝရ ကျောင်းသားတစ်ဦး အဖြစ်လည်းကောင်း၊ ဘဝတစ်သက်တာ သင်ယူလေ့လာသူအဖြစ် လည်းကောင်း ခံယူကာ မိမိ၏ အင်္ဂလိပ်ဘာသာစကား စွမ်းရည်ကို မြှင့်တင်လျက် နိုင်ငံတော်ကို ပိုမိုအလုပ်အကျွေး ပြုနိုင်သောနိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင်ကြိုးစား အားထုတ် သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းသား၊ သင်တန်းသူ တစ်ဦး ချင်းစီအား အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှု လက်မှတ်များကို ကိုယ်တိုင်ပေးအပ် ချီးမြှင့် သည်။ ဆက်လက်၍ သင်တန်းဆင်း အရာထမ်းတစ်ဦးက ကျေးဇူးတင် စကားပြောကြား ခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.