(၁၃)ကြိမ်မြောက် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကျင်းပ


Date : 8 January, 2020

p1

3ljhcx
နေပြည်တော် ဇန်နဝါရီ ၈
(၁၃)ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံအတွက် အလွန်အရေးကြီးသည့် ပညာရေးပြုပြင်ပြောင်းလဲ မှုများ အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် အတူပူးပေါင်း လက်တွဲပါဝင်ကြသည့် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူ များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)အရ သူငယ်တန်း +၁၂ တန်း ပညာရေးစနစ်ကို ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော်၍ ကျောင်းသုံး ဖတ်စာအုပ်အသစ်များ၊ ဆရာကိုင်စာအုပ်များ ပြုစုခြင်း၊ ဖြန့်ဝေခြင်း ဆရာ၊ဆရာမများအား သင်တန်းပို့ချခြင်းတို့ကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် နေကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား အလွတ်ကျက်မှတ်မှုစနစ်မှ (၂၁) ရာစု ကျွမ်းကျင်မှု များဖြစ်သည့် စဉ်းစားဝေဖန်တွေးခေါ်ခြင်း၊ တီထွင်ဖန်တီးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စူးစမ်း လေ့လာမှုကိုအခြေခံ၍ ပြဿနာဖြေရှင်းခြင်း၊ တရားမျှတစွာနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်း အစရှိသည့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ကျောင်းသား၊ ကျောင်းသူများအားလုံး အရည်အသွေးရှိသော ပညာကို သင်ယူခွင့်ရရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲပြုစုခြင်း လုပ်ငန်းများနှင့် အရည်အသွေးရှိသော ပညာရေးစနစ်အောင်မြင်နိုင်ရေးအတွက် ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်း များအားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ယူနက်စကို ဌာနေကိုယ်စားလှယ် (Ms. Min Jeong Kim) က နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးကဏ္ဍခုနှစ်ခုမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပညာရေးကဏ္ဍ အရည်အသွေးမြင့်မားရေးအတွက် ပညာရေးနှင့် အသက် မွေးဝမ်းကျောင်း ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အားနည်းချက် အားသာချက်များနှင့် ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.