၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 8 January, 2020

9

Jan 8
ရန်ကုန် ဇန်နဝါရီ ၈
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကေျာင်း(အလုံ)၌ ကျင်းပသည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ပညာရေးစုံညီပွဲတော် အလံကိုင် ပင်မစစ်ကြောင်း ဦးဆောင်၍ ခရိုင်အလိုက် စစ်ကြောင်းများက ကွင်းအတွင်းသို့နေရာယူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းအား အလေးပြုကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် ပညာရေးစုံညီ ပွဲတော်ကို မိမိတို့အနေဖြင့် ပိုမိုကောင်းမွန်သည့် ပညာရေးစနစ်ဖြစ်ပေါ်လာစေရန်နှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု များတွင် အားလုံး၏ပူးပေါင်းပါဝင်မှု နှင့်အတူ ပူးပေါင်းပါ၀င်ဆောင်ရွက်နိုင်စေဖို့ ပညာရေးစုံညီပွဲတော် ကို နှစ်စဉ်နှစ်တိုင်း တိုင်းဒေသကြီးအဆင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊ ယင်းသို့ ကျင်းပဆောင်ရွက်သည့် နေရာတွင် နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်လာခဲ့သည့် အခြေအနေများကို ပြန်ကြည့်မည်ဆိုပါက တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်လာသည်ကို တေွ့မြင်ရပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့ စတင်တာ၀န်ယူပြီးနောက်ပိုင်း အချိန်ကစပြီး ပညာရေး စနစ်ပြုပြင်ပြောင်းလဲနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် ခဲ့ပါကြောင်း၊ ပညာရေးစနစ်၏ပြုပြင်ပြောင်းလဲမှုများပေါ်တွင် စိန်ခေါ်မှု များစွာရှိမည်ဖြစ်ပြီး လိုအပ်ချက်များလည်း ရှိနေဦးမည်ဖြစ်ပါကြောင်း၊ ယင်းအခြေအနေ အားလုံးကို မိမိတို့အနေဖြင့် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်မှု ပထမခြေလှမ်းမှစ၍ တစ်ဆင့်ချင်း ပိုမိုကောင်းမွန်သည့် အခြေအနေကို ရောက်ရှိလာစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘများ ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းပါ၀င်မှုဖြင့်သာ ပညာ ရေးစနစ်ကိုပြုပြင်ပြောင်းလဲနိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံ အနေဖြင့်ပညာနှင့် နိုင်ငံကိုထူထောင်နိုင်ရန်အတွက် ဆက်လက် ကြိုးပမ်းသွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဉီးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရား သူကြီးချုပ် ဦးလှအေး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဉက္ကဌ ဦးလင်းနိုင်မြင့်၊ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေတို့က ပညာရေးစုံညီပွဲတော် ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ထို့နောက် ကေျာင်းသားကေျာင်းသူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ်အမှတ်(၃၊ ၄) တို့အား သရုပ်ပြခြင်း၊ စုံညီပွဲတော် ဒို့နွှဲပေျာ်သီချင်းဖြင့် သရုပ်ဖော်တင်ဆက်ခြင်းနှင့် ဘင်ခရာအဖွဲ့ စွမ်းဆောင်ရည် ပြခြင်းတို့ကို သရုပ်ပြ ဖေျာ်ဖြေတင်ဆက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် အထက(၂)ကမာရွတ်မှ ကျောင်းသား ကျောင်းသူများက “စုံညီ ပွဲတော် ဒို့နွှဲပေျာ်”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပညာရေး စုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တာ၀န်ရှိသူများက ထူးခွျန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.