ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တောင်ငူပညာရေးကောလိပ် ပညာရေးမိသားစုများနှင့် တွေ့ဆုံ


Date : 9 January, 2020

3 (7)

Jan 9
နေပြည်တော် ဇန်နဝါရီ ၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် တောင်ငူပညာရေး ကောလိပ် ပညာရေးမိသားစုများ တွေ့ဆုံပွဲအခမ်းအနားကို ၉၊ ၁၊ ၂၀၂၀ ရက်နေ့ နံနက်(၉)နာရီတွင် တောင်ငူပညာရေးကောလိပ် ပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပဲခူူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ယူနက်စကို (မြန်မာ) Head of Office နှင့် ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တောင်ငူပညာရေး ကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဆရာအတတ်သင်ပညာရေးပြုပြင်ပြောင်းလဲမှုဗီဒိယိုကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေး တိုးတက်မြင့်မားရေး (Strengthening Pre-service Teacher Education in Myanmar) STEM Project ကို ငွေကြေးအကူအညီနှင့် နည်းပညာအကူအညီ ပံ့ပိုးပေးသော သြစတြေးလျနိုင်ငံအစိုးရ၊ ဖင်လန်နိုင်ငံအစိုးရ၊ ဗြိတိသျှအစိုးရ ယူနက်စကို(မြန်မာ) တို့ကို လှိုက်လှဲစွာ ကျေးဇူးတင်ပါကြောင်း၊ ၂၀၁၄ခုနှစ်မှ စတင်၍ (STEM Project) အစီအစဉ်ဖြင့် မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအရည်အသွေး တိုးတက်မြင့်မားရေးအတွက် သင်ရိုးညွှန်းတမ်း၊ သင်တန်းပို့ချမှု အစီအစဉ်နှင့် ဆရာ၊ဆရာမများအား ဆန်းစစ်သုံးသပ်၍ လက်မှတ်ပေးအပ်မှု အစီအစဉ်တို့ကို အထောက်အကူပြုပေးမည့် ဆရာအတတ်ပညာ တတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင် (Teacher Competency Standards Framework – TCSF) မူကြမ်းကို ရေးဆွဲနေပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့် (၂)နှစ်သင်ပညာရေးကောလိပ်မှ (၄)နှစ်သင်ပညာရေးဒီဂရီ ကောလိပ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ သင်ရိုးညွှန်းတမ်းရေးဆွဲရေးဗဟိုအဖွဲ့ (Curricu lum Core Team- CCT)ကို ၂၀၁၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များမှ ဆရာ၊ဆရာမများ၊ အငြိမ်းစား ပညာရေးပညာရှင်များဖြင့် UNESCO ၏ နည်းပညာအကူအညီ၊ Australia Government, Finland Government, UK Government တို့၏ ငွေကြေး အကူအညီဖြင့် နိုင်ငံတကာသင်ရိုး ညွှန်းတမ်း ကျွမ်းကျင် ပညာရှင်တို့ ပူးပေါင်းကာ (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အသစ်ရေးဆွဲလျက်ရှိရာ ပထမနှစ်အတွက် ရေးသားပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ ကျန်နှစ်များအတွက် သင်ရိုးများကို ဆက်လက်ရေးဆွဲ သွားမည်ဖြစ်ပါကြောင်း၊ သင်ရိုးရေးဆွဲရေးဆိုင်ရာ ကျွမ်းကျင်မှုများရရှိအောင် သင်တန်းမျာ ပို့ချပေးခဲ့ပြီး စဉ်ဆက် မပြတ် ကျွမ်းကျင်မှုများရရှိအောင် (Education for Sustainable Development) ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ပညာရေးကောလိပ်များတွင် ICT နည်းပညာဖြင့် သင်ကြားသင်ယူမှုစွမ်းရည် တိုးတက်အောင် သင်တန်းမျာ း ပို့ချပေးခြင်းနှင့် Internet တပ်ဆင်ခြင်း၊ Online Learning Portal အသုံးပြု၍ သင်ကြားမှု နည်းပညာများ ပံ့ပိုးပေးခြင်း၊ ICT အထောက်အကူပြု ပစ္စည်းများ (Laptops, Mini pads) များ ပံ့ပိုးဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ (၄)နှစ်သင်သင်ရိုးသစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ် ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် Ms.Min Jeong Kim ယူနက်စကို (မြန်မာ) Head of Office ၊တောင်ငူ ပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဗဟိုအဖွဲ့ဝင် (CCT Member) ဆရာမဒေါ်မေရီချိုတို့က ဝမ်းမြောက်ကြောင်း အမှာစကားနှင့် (၂)နှစ်သင် ပညာရေးကောလိပ်မှ (၄)နှစ်သင် ပညာရေး ဒီဂရီကောလိပ်သို့ ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များ ကျောင်းစာသင်ခန်းများ၌ သင်ကြား သင်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.