စားသောက်ကုန် ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


Date : 31 January, 2020

4

3nr4q6
ရန်ကုန် ဇန်နဝါရီ ၃၁
ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)၊ ကိုရီးယားနိုင်ငံအခြေစိုက် WITH အဖွဲ့နှင့် မေတ္တာ အလင်းအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် စားသောက်ကုန်ထုတ်လုပ် ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း၏ အပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(လှိုင်သာယာ) သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာအေးမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင်အသက်မွေးဝမ်း ကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများကို ဒေသတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဖွံဖြိုးတိုးတက်လာစေရန်၊ နည်းပညာ နှင့် သက်မွေးပညာရပ်များတွင် သင်ယူနိုင်မှုအခွင့်အလမ်းများ ပိုမိုရရှိနိုင်စေရန်၊ အလုပ်အကိုင်အခွင့် အလမ်းများ ပေါ်ပေါက်လာသည်နှင့်အညီ တစ်ဦးချင်းဝင်ငွေပိုမိုမြင့်မား လာစေရန်ရည်ရွယ်၍ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနအစီအစဉ် ဖြင့်သော်လည်းကောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ သော်လည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ စားသောက် ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ သက်မွေးပညာ သင်တန်းများဖြစ်သည့် ပေါင်မုန့်နှင့် ကိတ်မုန့်ဖုတ်သင်တန်း၊ အနောက်တိုင်းနှင့် အရှေ့တိုင်း အစားအစာအချက်အပြုတ်သင်တန်း၊ ကော်ဖီနှင့်ဖျော်ရည် သင်တန်းများအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၆) ရက်နေ့မှ စတင်၍ ပူးပေါင်း ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည့် သက်မွေးပညာ သင်တန်းများ ဖြစ်ပါကြောင်း၊ တက်ရောက်ပြီးစီးခဲ့သည့် သင်တန်းသားများသည် ဟိုတယ်များ၊ စားသောက် ဆိုင်များနှင့် ကော်ဖီဆိုင်များတွင် အလုပ်အကိုင်များ ရရှိလျက်ရှိပြီး (၈၀)ရာခိုင်နှုန်း အလုပ်အကိုင်များ ရရှိ သည်ကိုတွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ သက်မွေးပညာ သင်တန်းများကို ပူးပေါင်းဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနအနေနှင့် များစွာဝမ်းမြောက်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် Wholistic Interest Through Health (WITH) ၏ Country Director နှင့် မေတ္တာ အလင်းအသင်း၏ ဥက္ကဋ္ဌ ဦးကောင်းဇံတို့မှ အမှာစကားပြောကြားသည်။
ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့် ခဲ့ကြရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယနေ့ပြုလုပ်သည့် သင်တန်းဆင်းပွဲ အခမ်းအနားသည် တတိယအကြိမ် မြောက်ဖြစ်ပြီး ပေါင်မုန့် နှင့်ကိတ်မုန့် ဖုတ်သင်တန်းတွင် သင်တန်းသား သင်တန်းသူ(၂၀)ဦး၊ အနောက်တိုင်းနှင့် အရှေ့တိုင်းအစားအစာ အချက်အပြုတ်သင်တန်းတွင် သင်တန်းသား သင်တန်းသူ (၁၉)ဦးနှင့် ကော်ဖီနှင့် ဖျော်ရည်သင်တန်းတွင် သင်တန်းသား သင်တန်းသူ(၂၀)ဦး စုစုပေါင်း(၅၉)ဦး သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး သင်တန်း ကာလအနေဖြင့် သီအိုရီနှင့်လက်တွေ့ (၃)လနှင့် လုပ်ငန်းခွင်လက်တွေ့ (၁)လ စုစုပေါင်း(၄)လကြာမြင့်သည်။
စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းများသည် စာတွေ့၊ လက်တွေ့သင်ကြားမှုများ အပြင် လုပ်ငန်းခွင်လက်တွေ့ပြုလုပ်ရသည့် အပိုင်းများပါဝင်သဖြင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ပါကြောင်းနှင့် သင်တန်းမှ သင်ယူရရှိသည့် အသိပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို အသုံးချ၍ ကိုယ်ပိုင်အသေးစား စီးပွားရေးလုပ်ငန်းများ၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နိုင်ကြောင်းသိရှိရသည်။



Bookmark the permalink.

Comments are closed.