ကျောင်းပြင်ပ မူလတန်းပညာရေး စံထားစစ်ဆေးခြင်း ဇုန်သင်တန်းဖွင့်လှစ်


Date : 2 February, 2020

2

3o013i
ရန်ကုန် ဖေဖော်ဝါရီ ၂
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကေျာင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှုစံထားစစ် ဆေးခြင်းဆိုင်ရာ ရန်ကုန်ဇုန်သင်တန်းကို ယနေ့နံနက် ၈နာရီခွဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကေျာင်း မရမ်းမြိုင်ခန်းမ၌ ကျင်းပရာ ရန်ကုန်ပညာရေး တက္ကသိုလ်၊ ကေျာင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ကြီးကြပ် ရေးမှူးနှင့်လက်ထောက်ကြီးကြပ်ရေးမှူး (၁၈၀)ဦး တက်ရောက်ကြသည်။
အခမ်းအနားတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန ဒုတိယဉက္ကဌ ဒေါက်တာတင်ညိုတို့က အမှာစကားပြောကြားပြီး ရန်ကုန်ပညာရေး တက္ကသိုလ် ပညာရေးစိတ်ပညာဌာနမှ ပါမောက္ခဌာနမှူးနှင့် ဆရာမကြီးများ၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနမှ ဆရာကြီး ဆရာမကြီးများက ဘာသာရပ်အလိုက် ဆန်းစစ်လွှာ ပုံစံများနှင့် ကြီးကြပ်သူများ လိုက်နာရမည့် စည်းမျဉ်းများကို ရှင်းလင်းဆွေးနွေးကြသည်။
ကျောင်းပြင်ပမူလတန်းပညာရေး စံထားစစ်ဆေးခြင်း ဇုန်သင်တန်းများကို မြန်မာနိုင်ငံအတွင်း ဇုန်(၁၄)ဇုန်တွင် ဖေေဖာ်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်ဇုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ မအူပင်၊ မကွေး၊ စစ်တွေ၊ တောင်ငူတို့တွင် ဖွင့်လှစ်လျက်ရှိပြီး (၄)ရက်နေ့တွင် ပြည်၊ မုံရွာ၊ မြိတ်၊ ဟင်္သာတ၊ တောင်ကြီး၊ မြ၀တီတို့တွင် ဖွင့်လှစ်ကျင်းပမည်ဖြစ်ရာ အခြေခံပညာဦးစီးဌာနမှ အခြေစိုက်စခန်းကျောင်းအုပ်ကြီးများ နှင့် လက်ထောက်ဆရာ ဆရာမများအပါအ၀င် ကြီးကြပ်သူ ဆရာဆရာမ(၈၈၄)ဦး တက်ရောက်ကြမည် ဖြစ်သည်။
ကျောင်းပြင်ပမူလတန်းပညာရေး စံထားစစ်ဆေးခြင်း (Standardized Test)ကို စာစစ်ဌာနပေါင်း (၃၆၉)ဌာနတွင် ကျင်းပစစ်ဆေးမည်ဖြစ်ပြီး ဒုတိယအဆင့် ကေျာင်းသား ကျောင်းသူပေါင်း(၃၁၉၄)ဦး ဖြေဆိုမည်ဖြစ်သည်။
ကေျာင်းပြင်ပ မူလတန်းပညာရေးတွင် စံထားစစ်ဆေးလွှာနှင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေး ခြင်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ ဆောင်ရွက်ခဲ့သည်။ စံထားစစ်ဆေးလွှာကို ၂၀၁၂-၂၀၁၃ ပညာ သင်နှစ်မှစ၍ ရန်ကုန်ပညာရေး တက္ကသိုလ် ပညာရေးစိတ်ပညာဌာနမှ အငြိမ်းစား ပါမောက္ခဆရာမကြီး ဒေါ်နုနုခေါင်းဆောင်ပြီး ပါမောက္ခဌာနမှူး ဒေါက်တာအေးအေးမြင့်နှင့် ဆရာမကြီးများက တည်ဆောက် ပေးခဲ့ခြင်းဖြစ်သည်။ စံထားစစ်ဆေးလွှာ တည်ဆောက် အသုံးပြုရခြင်း ရည်ရွယ်ချက်မှာ ကေျာင်းပြင်ပ မူလတန်းပညာရေး အောင်မြင်ပြီးသောကလေးများ၏ အရည်အသေွး အာမခံချက် (Quality Assurance) ရရှိေစလိုသောကြောင့် ဖြစ်ကြောင်းသိရှိရသည်။



Bookmark the permalink.

Comments are closed.