ဖွံ့ဖြိုးမှုပညာမဟာဘွဲ့(MDevS၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့(MBF) သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


Date : 9 February, 2020

5

Feb 9
နေပြည်တော် ဖေဖော်ဝါရီ ၉

မိတ္ထီလာစီးပွားရေးတက္ကသိုလ်၏ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့သင်တန်း အမှတ်စဉ်(၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော် အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုလို သင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် နိုင်ငံဝန်ထမ်းများ၏အရည်အသွေးမြင့်မားစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပေးနိုင်စေရေး အဓိကရည်မှန်းချက်ထား ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့(MBF) သင်တန်း အမှတ်စဉ်(၁)ကို ၂၀၁၉ခုနှစ်တွင် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ သင်တန်းသား (၉၂)ဦး၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ပညာမဟာဘွဲ့ သင်တန်းသား(၆၃)ဦး၊ စုစုပေါင်း (၁၅၅)ဦးဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ သင်တန်းသား (၆၆)ဦး၊ ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေး ပညာမဟာဘွဲ့ သင်တန်းသား(၆၄)ဦး၊ စုစုပေါင်း (၁၃၀)ဦးဖြင့် အမှတ်စဉ်(၂) သင်တန်းအဖြစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ နေပြည်တော်တွင်ရှိသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ဘဏ္ဍာရေး ညာမဟာဘွဲ့ အခြားပုဂ္ဂလိက ဝန်ထမ်းများ လွယ်ကူစွာ ပညာဆက်လက် သင်ကြားနိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ထိထိရောက်ရောက် ပါဝင်အထောက်အကူ ဖြစ်စေရန် ယခုလို သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းများသည် နေပြည်တော်ကောင်စီ နယ်မြေတွင်ရှိသော သင်ယူလိုသူများအတွက် သင်ယူနိုင်မှု အခွင့်အလမ်းများ မြ§င့်တင်ပေးခြင်းဖြစ်ပါ ကြောင်း၊ မိမိတို့အလုပ်၊ မိမိတို့ စွမ်းဆောင်ရည် မြင့်မားရေးအတွက် ပညာကိုသင်ယူကြရပါကြောင်း၊ ပညာသင်ယူရာတွင် ပြီးဆုံးသည်ဟူ၍ မရှိပါကြောင်း၊ တစ်သက်တာ လေ့လာသင်ယူနေကြရမှာ ဖြစ်ကြောင်း၊ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို ခေတ်ကာလနှင့်လိုက်လျောညီအောင် မြင့်တင်နေကြရမှာဖြစ် ပါကြောင်း၊ ကိုယ့်ရဲ့လုပ်ငန်းခွင်တွင်ကြုံ တွေ့ရသည့် ပြဿနာအခက်အခဲများ ဖြေရှင်းနိုင်အောင်၊ တာဝန်ယူ တာဝန်ခံတတ်ပြီး အကောင်းဆုံး ဆန်းသစ်တီထွင် ဖန်တီးနိုင်ရေးအတွက် တစ်သက်တာ ပညာသင်ယူနေကြရမည် ဖြစ်ပါကြောင်း၊ ယခု သင်တန်းများသည် နေပြည်တော် ကောင်စီနယ်မြေ တွင်ရှိသော သင်ယူလိုသူများအတွက် သင်ယူနိုင်မှု အခွင့်အလမ်းများကို မြ§င့့််တင်ပေးခြင်းဖြစ်ပါ ကြောင်း၊ ယခုလို စိတ်အားထက်သန်စွာ ယုံကြည်မှုရှိရှိနှင့် လာရောက် ပညာသင်ကြားကြသူများအတွက် သင်ယူမှုအခွင့်အလမ်းများ မြ§င့်တင်ဆောင်ရွက်ပေးကြသည့် မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးကို ကျေးဇူးတင်ပါကြောင်း၊ စာသင်ခန်းနှင့် အဆောက်အဦ အသုံးပြု သင်ကြားခွင့်ပြုသော အမှတ်(၈)အခြေခံ ပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူများအား ကျေးဇူးအထူးတင်ရှိ ပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် မိမိဌာနအသီးသီးနှင့် နိုင်ငံအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် မိမိတို့ အရည်အသွေး များကို အသုံးချကာ နိုင်ငံတော်အစိုးရ၏ ရည်ရွယ်ချက်များဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်စနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေး စနစ်ပီပြင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်လုပ်ငန်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မိတ္ထီလာစီးပွားရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာထွန်းအောင်က သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယနေ့အခမ်းအနားသိ်ု့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ တာဝန်ခံ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက် ကြသည်။
ယနေ့ဖွင့်လှစ်သည့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့(MDevS)၊ ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေးပညာ မဟာဘွဲ့ (MBF) သင်တန်းအမှတ်စဉ်(၂) သင်တန်းသို့ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့(MDevS) သင်တန်းသား(၆၆)ဦး၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့ (MBF) သင်တန်းသား(၆၄)ဦး တက်ရောက်ကြသည်။ မဟာဘွဲ့သင်တန်းများတွင် မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှတာဝန်ခံ ပါမောက္ခချုပ်နှင့်ပါမောက္ခများအပြင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများ၊ အငြိမ်းစားအရာရှိကြီးများနှင့် ပြင်ပပညာရှင်များက သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)နှစ် ဖြစ်ကြောင်း သတင်း ရရှိပါသည်။



Bookmark the permalink.

Comments are closed.