ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပညာရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း(Diploma in Education Management – DEM) တွင် သင်ခန်းစာဆွေးနွေးပို့ချခြင်း


Date : 22 February, 2020

3

Feb 22

နေပြည်တော် ဖေဖော်ဝါရီ ၂၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက်(၈:၃၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၃)၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကျင်းပသည့် ပညာရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Education Management – DEM)တွင် ပညာရေးပြုပြင်ပြောင်းလဲမှု လေ့လာဆန်းစစ်ခြင်း ခေါင်းစဉ်ဖြင့် သင်ခန်းစာ ဆွေးနွေးပို့ချပါသည်။
ပညာရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းကို လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန)၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့နှင့် ပူးပေါင်း၍ University College London-Institute of Education (UCL-IOE)မှ နည်းပညာပံ့ပိုးမှုရယူကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ အရာထမ်းများနှင့် နေပြည်တော်ကောင်စီနယ်မြေမှ အခြေခံပညာ ကျောင်းအုပ်များ အပါအဝင် စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်လျက်ရှိကာ ၂၀၁၉ခုနှစ်၊ သြဂုတ်လ မှ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလအထိ တစ်နှစ်ကြာ စာတွေ့၊ လက်တွေ့ သင်ယူရမည်ဖြစ်ကြောင်း နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် က ဒီပလိုမာဘွဲ့အပ်နှင်း ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.