အရည်အသွေးရှိသော ပညာရေးဦးတည်၍ ပညာရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


Date : 26 February, 2020

safe_image.php

Feb 27 gif

နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန၊ အရည်အသွေးရှိသော ပညာရေးဦးတည်၍ ပညာရေးပြုပြင် ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁နာရီ တွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အရည်အသွေးရှိသော ပညာရေးကိုဦးတည်ဆောင်ရွက်ရာတွင် မည့်သည့်ခွဲခြားမှုမျှမရှိခြင်း၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်မထားခြင်း၊ ကျောင်းထွက်မှုနှုန်းလျော့နည်းခြင်း များကို ဆောင် ရွက်ပါကြောင်း။
အရည်အသွေးရှိသည့် ပညာရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းပညာကို သင်ယူပြီးမြောက်ပြီး အလယ်တန်းပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့်တိုးမြှင့်သင်ယူခွင့်များ ရရှိရန် ဆောင်ရွက်မည် ဖြစ်ရာ မူလတန်းအရွယ် ကလေးတိုင်း မူလတန်းပညာရေးကို ပြီးမြောက်အောင်မြင် ခြင်းနှင့် မူလတန်းပညာသင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဉာဏစွမ်းရည် အားနည်းသော ကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံ ခေါင်ဖျားဒေသရှိ ကလေးများစသည့် ကလေးများအတွက် အလေးထားသည့် ပညာရေး အစီအစဉ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်း တိုင်းရင်းသား ကလေးငယ်များအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာစကား သင်ရိုးညွှန်းတမ်း ပြုစုရေး ဆွဲခြင်းနှင့် သင်ကြားခြင်းများ အပါ အဝင် တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း။
သင့်လျော်သော ဆရာ၊ ကျောင်းသား အချိုးရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းအသီး သီးမှ ဆရာများ၏ ဘာသာရပ် ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှု စွမ်းရည်များ မြင့်မားလာ စေရန်ဆောင်ရွက်ခြင်း၊ အခြေခံပညာရေးကို လူတိုင်း ပိုမိုလက်လှမ်း မီနိုင်ရန် ဖွံ့ဖြိုးမှု အားနည်းသည့် ဒေသများရှိ ကျောင်းများ(အထူးသဖြင့် ကျောင်းအသုံးအဆောင် ပစ္စည်း များ လုံလောက်မှု မရှိသော အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်းကျောင်း များ)၏ လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းဆောင်ရွက် ပေးခြင်း၊ ပညာအရည်အချင်း နည်းပါးသူများ၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်စေရန် အခြေခံပညာ အလယ်တန်း၊ အထက်တန်း တန်းညှိအစီအစဉ်များနှင့် သက်မွေးမှုသင်တန်းအစီ အစဉ်များဖြင့် ဆက်လက် ပညာဆည်းပူးနိုင်သော အခွင့်အလမ်း များဖော်ဆောင်ပေးခြင်း။
တက္ကသိုလ် များတွင် ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြားခွင့်၊ အုပ်ချုပ် ခွင့်နှင့် သုတေသန လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင် သော ကမ္ဘာ့အဆင့်မီ အဆင့်မြင့်သင်ရိုး၊ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ဦးတည်ဖော် ဆောင်ပေးခြင်း၊ နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးပညာ ရပ်များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့်တန်းတူ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက် ပေးခြင်း၊ ကျောင်းသား မိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ် ဝန်ပိုးမဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှုဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ပြည်တွင်း ပြည်ပမှရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများကို အကျိုးရှိ ထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ခြင်းနှင့် တိကျမှန်ကန်သည့် သတင်းအချက်အလက်များကိုအခြေခံ၍ ထိရောက်သော ပညာရေးပြုပြင် ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့် လေ့လာ ကြီးကြပ်မှုလုပ်ငန်းအစီအစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ကလေးတိုင်း သင်ယူတတ်မြောက်ရမည့် ဘာသာရပ်အားလုံး အကောင်းဆုံး သင်ယူတတ်မြောက်အောင်၊ လူသားကောင်းများ ဖြစ်အောင်၊ ပူးပေါင်းဆောင်ရွက် တတ်အောင်၊ တာဝန်ယူတာဝန်ခံမှုရှိအောင်၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုရှိအောင် အရည် အသွေးပြည့်မီသည့် ဆရာ၊ ဆရာမ များလိုအပ်ပါကြောင်း၊ စံသတ်မှတ်ချက် အရည်အသွေးများ ပြည့်မီရန်၊ တာဝန်နှင့် လုပ်ထုံး လုပ်နည်းအရ ဆောင်ရွက်ရန်လိုအပ် ပါကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံနည်းပညာ ပညာရှင်အဖွဲ့တို့က ပညာရေးပြုပြင် ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြ သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)တွင် ပညာရေးပြုပြင် ပြောင်းလဲမှု များကို ဦးစားပေးဆောင်ရွက်နေသော လုပ်ငန်းစဉ် (၁၂)ရပ် နှင့်စပ်လျဉ်း၍ ဦးစီးဌာန (၁၁)ခုတို့မှ ညွှန်ကြားရေးမှူးချုပ်များက Power Point ဖြင့် ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများ၏ အထွေထွေ ဆွေးနွေး ချက်များကို တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်း ပြောကြားသည်။



Bookmark the permalink.

Comments are closed.