ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိ်မ်းကြီး ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး


Date : 18 March, 2020

1

March 18

နေပြည်တော် မတ် ၁၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးသည့် သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် မတ်လ(၁၈)ရက် နံနက်ပိုင်းတွင် ပျော်ဘွယ်မြို့နယ် အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း(ပန်းစုံ) စာစစ်ဌာနသို့ရောက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့(ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်) ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုဝန်ကြီးက ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင် ရာတာဝန်ရှိသူများအား ၂၀၂၀ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စနစ်တကျစည်းကမ်းရှိစွာဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ မသမာမှုကင်း၍ လုံခြုံမှုရှိစေရေးတို့အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ စာဖြေခန်းများ အားလုံးတွင်တစ်ခန်းလျှင် စာဖြေသူ(၃၀)ဦး နှုန်းရှိပြီး တစ်ဦးလျှင်(၂၄)စတုရန်းပေရှိခြင်း၊ လေဝင် လေထွက်ကောင်းမွန်ခြင်းတို့သည် ကောင်းမွန်ပါကြောင်း။
စာဖြေသူများကိုလည်း ကိုယ်အပူချိန် မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းများရှိပါက ကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပေးပို့၍ ကုသမှုခံယူစေရန်အရေးကြီးပါကြောင်း၊ လက်ဆေး ရန်ဆပ်ပြာများ၊ Hand Gel များ အလုံအလောက် ထားရှိပေး၍ စနစ်တကျအသုံးပြုရေး ကြီးကြပ်ပေးရန်လိုအပ်ပါကြောင်း၊ စာမေးပွဲခန်းစောင့် ဆရာ ဆရာမများ ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့်ရောဂါလက္ခဏာများခံစားနေရပါက စာမေးပွဲခန်းမစောင့်စေဘဲ သက်ဆိုင်ရာကျန်းမာရေး ဆေးခန်းဆေးရုံသို့သတင်းပေးပို့၍ ကုသမှု ခံယူရန်လိုအပ်ပါကြောင်း။
လိုအပ်ပါက သီးခြားနေရာသတ်မှတ်ပေး၍ စာမေးပွဲဖြေဆိုစေရန် စီစဉ်ထား သင့်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ COVID-19 ကြိုတင် ကာကွယ်ရေး အချက်များလိုက်နာဆောင်ရွက်ကြရေးအတွက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြသည့် ဝန်ကြီး ဌာနအသီးသီးမှသက်ဆိုင်တာဝန်ရှိသူများ၊ မိဘပြည်သူများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများအားလုံး ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာစစ်ဌာနအတွင်း ဖွင့်လှစ်ထားသည့် ယာယီကျန်းမာရေးဆေးပေးခန်းကို ဝင်ရောက်ကြည့်ရှု စစ်ဆေး၍ စာစစ် ဌာန အားလုံးဖြစ်သည့် ၁၉၉၉-ခုတွင် ယာယီကျန်းမာရေးဆေးပေးခန်းများဖွင့်လှစ်ဆောင်ရွက်ပေးပြီး ပေါင်းစပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ပေးသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးနှင့်ဆရာဝန်များ၊ သူနာပြုများအားလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေး မှူးများအနေဖြင့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် စွာကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့် မှာကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ရမည်းသင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း(ရွှေဒါး)စာစစ်ဌာန၊ တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်လွန့်)နှင့် အခြေခံပညာအထက်တန်းကျောင်း (MRTV) စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲ ဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည် တွင်းစာစစ်ဌာန(၁၉၈၄)ခုနှင့် နိုင်ငံခြားစာစစ်ဌာန(၁၅)ခု၊ စာစစ်ဌာနစုစုပေါင်း(၁၉၉၉)ခုတွင် ဘောဂဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် (၇၅၅၇၇၉)ဦး စာရင်းပေးသွင်းကာ (၇၀၁၁၆၄)ဦး ဝင်ရောက် ဖြေဆိုကြပြီး ဇီဝဗေဒဘာသာရပ်ဖြေဆိုရန်(၂၁၁၈၈၄)ဦး စာရင်းပေးသွင်း၍ (၂၀၃၆၃၀)ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်



Bookmark the permalink.

Comments are closed.