ပညာရေးဝန်ကြီးဌာန၏ စတုတ္ထ(၁)နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များ


Date : 6 April, 2020

p8

april6-1

ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ လေးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲ လုပ်ငန်းများဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ စတုတ္တ (၁) နှစ်တာ ကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ တိုင်းဒေသကြီး ပြည်နယ်များအလိုက် မှတ်တမ်းပြု တင်ပြအပ်ပါကြောင်း။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁)နှစ်တာ
“ပညာရေး” ဟူသည် မွေးဖွားချိန်မှအစပြုကာ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် သင်ယူရမည့်အရာဖြစ်ပြီး နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကအရင်းအနှီးဖြစ်သည်။
ပညာရေးဝန်ကြီးဌာနသည် အရည်အသွေးရှိသောပညာရေးကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် သုတေသနအခြေခံ အချက်အလက် အထောက်အထားများအပေါ် အခြေခံ၍ ဘက်စုံလွှမ်းခြုံ နိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း အတွဲ(၁) နှင့်(၂) အစီရင်ခံစာများတွင် ပါဝင်သော လေ့လာတွေ့ရှိချက်များနှင့် ထောက်ခံအကြံပြုချက်များအရ ပြုစုထားသော အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပညာရေးပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူကို ကတိပေးထားသည့် ဦးစားပေး လုပ်ငန်း(၁၂)ရပ်ကို အောက်ပါအတိုင်း ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်။
(က) ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
( ခ) နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်း ပညာကို သင်ယူပြီးမြောက်ပြီး အလယ် တန်းနှင့် အထက်တန်းပညာကို အဆင့် ဆင့် တိုးမြှင့်သင်ယူခွင့်များရရှိရန်
ဆောင်ရွက်မည်ဖြစ်ရာ မူလတန်း အရွယ်ကလေးတိုင်း မူလတန်းပညာ ရေးကို ပြီးမြောက်အောင်မြင်ခြင်းနှင့် မူလတန်းပညာသင်ယူရန် အခက်အခဲ ရှိနေသည့် ကာယ၊ ဉာဏစွမ်းရည် အားနည်းသော ကလေးများ၊ ဆင်းရဲ နွမ်းပါးသည့် ကလေးများ၊ ဝေးလံဒေသ ရှိ ကလေးများ စသည့် ကလေးများ အတွက် အလေးထားသည့် ပညာရေး အစီအစဉ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း။
(ဂ) ကွဲပြားခြားနားသည့် ဘာသာစကား ပြောသော မူလတန်း တိုင်းရင်းသား ကလေးငယ်များအတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာ စကားသင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲ ခြင်းနှင့် သင်ကြားခြင်းများအပါအဝင် တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း။
(ဃ) သင့်လျော်သော ဆရာနှင့် ကျောင်းသား အချိုးရရှိစေရန် ဆောင်ရွက်ပေးခြင်း။
(င) ကျောင်းအသီးသီးမှ ဆရာများ၏ ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြား ပို့ချမှုစွမ်းရည်များ မြင့်မားလာစေရန် ဆောင်ရွက်ခြင်း။
(စ) အခြေခံပညာရေးကို လူတိုင်း ပိုမို လက်လှမ်းမီနိုင်ရန် ဖွံ့ဖြိုးမှုအားနည်း သည့်ဒေသများရှိ ကျောင်းများ (အထူး သဖြင့် ကျောင်းအသုံးအဆောင်ပစ္စည်း များ လုံလောက်မှုမရှိသော အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းများ)၏ လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်ပေး ခြင်း။
(ဆ) ပညာအရည်အချင်းနည်းပါးသူများ၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်စေရန် အခြေခံပညာအလယ်တန်း၊ အထက်တန်း တန်းညှိအစီအစဉ်များ နှင့် သက်မွေးမှုသင်တန်းအစီအစဉ် များဖြင့် ဆက်လက်ပညာဆည်းပူးနိုင် သော အခွင့်အလမ်းများ ဖော်ဆောင် ပေးခြင်း။
( ဇ ) တက္ကသိုလ်များတွင် ကိုယ်ပိုင်သင်ရိုး ညွှန်းတမ်းများ ရေးဆွဲသင်ကြားခွင့်၊ အုပ်ချုပ်ခွင့်နှင့် သုတေသနလုပ်ငန်း များကို လွတ်လပ်စွာဆောင်ရွက်နိုင် သော ကမ္ဘာ့အဆင့်မီ အဆင့်မြှင့်သင်ရိုး၊ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာရေး စနစ် ဖြစ်ထွန်းလာစေရန် ဦးတည် ဖော်ဆောင်ပေးခြင်း။
( ဈ ) နည်းပညာနှင့် သက်မွေးပညာရေး နှင့် လေ့ကျင့်ရေးပညာရပ်များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့် တန်းတူ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်း။
(ည) ကျောင်းသားမိဘများနှင့်ရပ်ရွာအသိုက် အဝန်းကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင် မှုဖြစ်စေရန် ဆောင်ရွက်ပေးခြင်း။
( ဋ ) နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပမှ ရရှိသည့် ပညာရေး ဆိုင်ရာ ဘဏ္ဍာငွေများကို အကျိုးရှိ ထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက် ခြင်း။
(ဌ) တိကျမှန်ကန်သည့် သတင်းအချက် အလက်များကို အခြေခံ၍ ထိရောက် သော ပညာရေးပြုပြင်ပြောင်းလဲမှု၊ စီမံ ခန့်ခွဲမှုနှင့် လေ့လာကြီးကြပ်မှုလုပ်ငန်း အစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မည်သည့်ခွဲခြား မှုမှ မရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိစေရေး၊ ကျောင်းထွက်သူမရှိရေး အခြေခံမူဝါဒများနှင့် လူအချင်းချင်း စည်းလုံး ညီညွတ်စွာ အတူနေထိုင်နိုင်ရေးကို အားပေး သည့်အနေဖြင့် အတူယှဉ်တွဲနေထိုင်ခြင်းကို အားပေးခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ မတူကွဲပြား မှုရှိခြင်းအပေါ် တန်ဖိုးထားခြင်းနှင့်အတူ ပညာ သင်ယူခြင်း၊ အတူစာဖတ်ခြင်း၊ အတူကစား ခြင်း၊ အတူနေထိုင်ခြင်းကို အားပေးဆောင် ရွက်လျက်ရှိသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများနှင့် သင်ယူသူ အားလုံးကို ပူးပေါင်းဆောင်ရွက်တတ်ပြီး တာဝန်ယူ တာဝန်ခံ၍ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာအောင် သင်ကြားသင်ယူ လေ့ကျင့်ပေး လျက်ရှိသည်။
ဦးစားပေးလုပ်ငန်းစဉ် (၁) အနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်း အခြေပြု မူကြိုကျောင်း ၃၁၁၅ ကျောင်းတွင် ဆရာ ၄၅၇၁ ဦးက ကျောင်းသား ၈၀၆၅၈ ဦး သင်ကြားလျက်ရှိသည်။ ။
ဖွင့်လှစ်ထားရှိပြီးသော ကျောင်းအခြေပြု မူကြိုများကို ရေရှည်တည်တံ့ရေး၊ မူကြိုဆရာ ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် Basic Education Sub Sector Working Group (BESSWG) တွင် မိတ်ဖက်များနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိသလို သင်တန်းအစီအစဉ် များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ။
ပညာရေးဝန်ကြီးဌာနသည် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေးလုပ်ငန်း စဉ် (၁၂)ရပ် ချမှတ်ဆောင်ရွက်ရာတွင် လုပ်ငန်း စဉ်(၂)အနေဖြင့် နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းပညာ သင်ယူပြီးမြောက်ပြီး အလယ် တန်းနှင့် အထက်တန်းပညာကို အဆင့်ဆင့် တိုးမြှင့်သင်ယူခွင့်များရရှိရန် ဆောင်ရွက် ခြင်း၊ မူလတန်းအရွယ်ကလေးတိုင်း မူလတန်း ပညာရေးကို ပြီးမြောက်အောင်မြင်ခြင်းနှင့် မူလတန်းပညာသင်ယူရန် အခက်အခဲရှိနေ သည့် ကာယ၊ ဉာဏ စွမ်းရည်အားနည်းသော ကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံခေါင်ဖျားဒေသရှိ ကလေးများအတွက် အလေးထားသည့် ပညာရေးအစီအစဉ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိ သည်။ ။
မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများတွင် သူငယ်တန်းကျောင်းသား ၈၇၃၅၄၈ ဦး တက်ရောက်လျက်ရှိပြီး KG ကျောင်းနေအရွယ်ကလေးတိုင်း KG တန်းသို့ တက်ရောက်သင်ယူခွင့် ရရှိရေးအတွက် အခြေခံပညာကျောင်းတိုင်းတွင် သင်ရိုးသစ် KG အတန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ထို့ပြင် KG ဆရာ ဆရာမ ဖြည့်ဆည်းခန့်ထား ရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းရေး ဆောင်ရွက်လျက် ရှိသည်။
“၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ကျောင်း အဆင့်တိုးအနေနဲ့ ၅၆၅၁ ကျောင်းကို ကျောင်း အဆင့် တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၆ ခုနှစ်ကစပြီး အလယ်တန်းနဲ့ အထက် တန်းပညာ သင်ယူခွင့်ရရှိဖို့ အခက်အခဲရှိတဲ့ ဝေးလံဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ အလယ် တန်းနဲ့ အထက်တန်းပညာ သင်ယူနိုင်ဖို့ ကျောင်းအဆင့် ပိုမိုတိုးမြှင့်ပေးခဲ့ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
အခြေခံပညာ ကျောင်းအရေအတွက်သည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အလယ်တန်း ကျောင်းအရေအတွက် ၂၁၆၉ ကျောင်း ပိုမို တိုးတက်လာပြီး အထက်တန်း ကျောင်းပေါင်း ၂၁၃၅ ကျောင်း ပိုမိုတိုးတက်လာသည့်အတွက် အလယ်တန်းနှင့် အထက်တန်းပညာသင်ယူ ခွင့် အခွင့်အလမ်း ပိုမိုရရှိလာသကဲ့သို့ ကျောင်း ဆရာ ဆရာမများကိုလည်း နှစ်စဉ်ခန့်ထား ပေးလျက်ရှိရာ မူလတန်းပြဆရာ ၇၆၃၇ ဦး၊ အလယ်တန်းပြဆရာ ၁၆၇၇၁ ဦးနှင့် အထက် တန်းပြဆရာ ၄၄၃၆ ဦးအထိ တိုးမြှင့်ခန့်ထား နိုင်ခဲ့သည်။
အလယ်တန်းနှင့် အထက်တန်း ပညာ သင်ယူခွင့်ရရှိသည့်အတွက် အလယ်တန်း ကျောင်းသားဦးရေသည် ၃၉၃၉၆၁ ဦးနှင့် အထက်တန်းကျောင်းသားဦးရေ ၃၁၃၈၀၈ ဦး ပိုမိုတိုးတက်လာပြီး အထက်တန်း ဝိဇ္ဇာတွဲ ကျောင်းသားဦးရေသည် ၈၄၀၀၉ဦး ပိုမိုသင်ယူ လာနိုင်ခဲ့ သည်။
“အခြေခံပညာ ကျောင်းသားဦးရေကို ကြည့်မယ်ဆိုရင် ၁၉၂၁ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ နှစ်ပေါင်း ၇၀ အကြာမှာ ငါးသန်း ဖြစ်လာပါတယ်။ အခုဆိုရင် အခြေခံပညာ ကျောင်းသား ကျောင်းသူဦးရေ ၉ ဒသမ ၇ သန်း တက်ရောက်နေတာဖြစ်လို့ ၁၉၈၈ ခုနှစ် မှ ယနေ့အထိ နှစ်ပေါင်း ၃၀အတွင်းမှာ ငါးသန်း နီးပါး တိုးတက်လာတာဖြစ်တဲ့အတွက် တိုးတက်လာတာနဲ့ လိုက်လျောညီထွေဖြစ် အောင် ဆရာ ဆရာမတွေ ခန့်ထားပေးဖို့၊ စာသင်ခန်းတွေ၊ စာသင်ခုံတွေနဲ့ စာကြည့် တိုက်တွေ စတဲ့ ကျောင်းဖွံ့ဖြိုးရေးတွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောကြားသည်။
“Grade 5 မူလတန်းပြီးတဲ့ ဦးရေကလည်း ယခုအခါ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၆၉၅၁၉၁ ဦး ပိုမိုပြီး မူလတန်း ပြီးလာပါတယ်။ Grade 9 အောင်မြင်တဲ့ အလယ်တန်းပြီးတဲ့ ဦးရေဟာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၈၃၂၈၉ ဦး တိုးတက်လာခဲ့ပြီး ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲဆိုရင် ကိုးသိန်းကျော်ဖြေဆိုခဲ့တဲ့ | အတွက် ၂၀၁၆ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၃၃၃၉၇၈ ဦး တိုးတက်လာပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ ၂၆၇၆၉၆ ဦးရှိတဲ့ အတွက် စုစုပေါင်းအောင်မြင်သူ ၇၀၀၀၀ကျော် တိုးတက်လာပါတယ်” ဟု ပညာရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။ ။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၁၈၂၀၁၉ ပညာသင်နှစ်အထိ ပုံမှန်ပညာသင် စရိတ် ထောက်ပံ့ပေးခြင်း၊ ဝေးလံဒေသနှင့် နယ်စပ်ဒေသများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ နှစ်စဉ် ကျောင်းသား နှစ်သိန်းခန့်ကို စုစုပေါင်းငွေကျပ် ၄၈ ဒသမ ဝ၆၅ ဘီလီယံကို ထောက်ပံ့နိုင်ခဲ့သည်။ သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိရေးအတွက် အခြေခံပညာကျောင်း များကို နှစ်စဉ်အဆင့်တိုးမြှင့်ပေးခဲ့ရာ လေးနှစ် တာကာလအတွင်း ကျောင်းအဆင့်တိုးမြှင့် ပေးနိုင်မှု စုစုပေါင်း ၂၀၄၅၄ ကျောင်း ရှိခဲ့သည်။
အခြေခံပညာကျောင်းများ၏ လိုအပ်မှု များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အလိုက်၊ တစ်ကျောင်း ချင်းအလိုက် လိုအပ်ချက်များ ဖော်ထုတ်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဖြည့်ဆည်းပေးနိုင်မည့် အစီအစဉ်များကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
ဝေးလံဒေသများရှိ အခြေခံပညာ ကျောင်းသား ကျောင်းသူများ သင်ယူမှုအခွင့် အလမ်း ပိုမိုရရှိရေးအတွက် ပညာရေး အထောက်အကူပြု အရင်းအမြစ်များဖြစ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဆရာလမ်း ညွှန်စာအုပ်များ၊ သင်ကြားရေးအထောက် အကူပြု Video Spot များ၊ ပညာရေးနှင့် သက်ဆိုင်သည့် အခြားစာအုပ်စာတမ်းများ (Soft Copy) Augmented Reality (AR) အသုံးပြုသင်ကြားသင်ယူမှု အထောက်အကူ ပြုပစ္စည်းများကို ထည့်သွင်းထားသည့် DBE Box ကို အခြေခံပညာကျောင်းများတွင် အသုံး ပြုသည့် အစီအစဉ်သစ်ကို စမ်းသပ်အစီအစဉ် အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော်တို့တွင် စတင် ဆောင်ရွက်လျက်ရှိသည်။
ကျောင်းပြင်ပ မူလတန်းပညာရေးအစီ အစဉ်ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မြို့နယ် ၉၅ မြို့နယ်၌ သင်ယူသူ ၈၁၃၅ ဦးနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မြို့နယ် ၉၀ ၌ သင်ယူသူ ၈၉၄၆ ဦးတို့ကို ပညာသင်ယူမှု အခွင့်အလမ်းရရှိအောင် ဆောင်ရွက်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မြို့နယ် ၈၉ မြို့နယ်၌ သင်ယူသူဦးရေ ၇၅၄၅ ဦးတို့ကို ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ကျောင်းပြင်ပ အလယ်တန်းပညာရေးကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မြို့နယ် ၈ မြို့နယ်တွင် သင်ယူသူ ၁၇၆ ဦးတို့ သင်ယူမှု အခွင့်အလမ်းရရှိအောင် ဆောင်ရွက်ခဲ့သည်။
ကျောင်းပြင်ပ အလယ်တန်းပညာရေးကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဒုတိယအကြိမ် အဖြစ် မြို့နယ် ၈ မြို့နယ်တွင် သင်ယူသူ ၂၆၀ ကို သင်ယူမှုအခွင့်အလမ်းရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။
ကျောင်းပြင်ပ မူလတန်းပညာရေးမှ တစ်ဆင့် ကျောင်းပညာရေးသို့ ကူးပြောင်း တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင် မြင်ခဲ့သူ ၅၁ ဦးရှိခဲ့ကာ အဆင့်မြင့်ပညာ ဆက်လက်သင်ယူလျက်ရှိသည်။
ဝေးလံဒေသများရှိ ကလေးငယ်များ၏ ပညာရေးကို အထောက်အကူပြုနိုင်ရန် သင်ရိုး သစ် Grade -1, Grade -2, Grade – 3 နှင့် Grade – 6 ကျောင်းသုံးစာအုပ်များ၏ Soft Copy များကို အမျိုးသားပညာရေးမူဝါဒ ကျော်မရှင်၏ Website ဖြစ်သည့် nepc.edu.mm နှင့် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ Website ဖြစ်သည့် derpt.moe.edu.mm တို့တွင် လွှင့်တင် ထားသည်။
၂၀၂၀ -၂၀၂၁ ပညာသင်နှစ်တွင် သင်ကြား မည့် သင်ရိုးသစ် Grade – 4, Grade – 7နှင့် | Grade – 10 ကျောင်းသုံး စာအုပ်များကို ကျောင်းဖွင့်ကာလတွင် Website ၌ လွှင့်တင် ရန်နှင့် သင်ရိုးသစ်အတန်းများအတွက် Website တွင် လွှင့်တင်နိုင်ရန် စီစဉ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး လုပ်ငန်း(၁၂) ရပ်၏ လုပ်ငန်းစဉ် (၃)ရပ်အနေ ဖြင့် ကွဲပြားခြားနားသော ဘာသာစကား ပြောသည့် မူလတန်းတိုင်းရင်းသား ကလေး ငယ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာ စကား ၆၃ မျိုးကို Grade 1, Grade 2 နှင့် Grade 3 ကျောင်းသား ကျောင်းသူ တိုင်းရင်း သားကလေးငယ်များက ပညာသင်ယူလျက် ရှိသည်။ အခြေခံပညာကျောင်းပေါင်း ၁၃၁၀၀ တွင် ဆရာဦးရေ Teaching Assistants ၁၁၂၉၈ ဦးနှင့် Language Teacher ၁၄၇၈၆ ဦးတို့က ကျောင်းသား ၈ သိန်းကျော်ကို သင်ကြားပေးလျက်ရှိသည်။
တိုင်းရင်းသားဒေသခံ ဆရာ ဆရာမ ခန့်အပ်ပေးမှုအခြေအနေမှာ ပညာအရည် အချင်း ၉ တန်းအောင်သည့် တိုင်းရင်းသား ဒေသခံများကို Teaching Assistants နေ့စား၊ လပေးအဖြစ် လည်းကောင်း၊ ၄ တန်းအောင် သည့် ဒေသခံများကို Language Teacher အဖြစ် လည်းကောင်း ခန့်ထားပေးလျက်ရှိ သည်။
တိုင်းရင်းသားဘာသာစကား သင်ကြား သင်ယူမှု၏ ထိရောက်အောင်မြင်မှုအခြေအနေ သုတေသနကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများနှင့် ယူနီဆက်တို့၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ပြည်နယ် ၇ ခု၌ ဆောင်ရွက် ခဲ့သည်။
ပူးပေါင်းထုတ်ဝေ ထို့ပြင် သင်ကြားရေးအထောက်အကူပြု ဂျိန်းဖော၊ ကယား၊ စကောကရင်၊ ချင်း (ဖလမ်း)၊ မွန်၊ ရခိုင်နှင့် ရှမ်း ဘာသာစကား များဖြင့် အင်္ဂလိပ်-မြန်မာ-တိုင်းရင်းသား ဝေါဟာရ ပုံပြကားချပ်နှင့် ဂျိန်းဖော၊ လော်
ဝေါ်၊ ကယား၊ ပိုးကရင်၊ ချင်း(ဟားခါး)၊ ချင်း (ဖလမ်း)၊ မွန်နှင့် ရှမ်း ဘာသာစကားများဖြင့် Grade 1, Grade 2 a Grade 3 မြန်မာ−တိုင်းရင်းသား-အင်္ဂလိပ် ဝေါဟာရ ပုံပြ ကားချပ်တို့ကို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများနှင့် ပူးပေါင်း ထုတ်ဝေခဲ့သည်။
လုပ်ငန်းစဉ်(၄) ဖြစ်သည့် သင့်လျော် သော ဆရာ၊ ကျောင်းသားအချိုး ရရှိစေရန် ဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ ပညာသင် နှစ်၌ အခြေခံပညာ ဆရာ ဆရာမ စုစုပေါင်း ၄၁၀၁၇၂ ဦးရှိပြီး ကျောင်းသား ကျောင်းသူ ဦးရေ ၉ သန်းကျော်ရှိသည့်အတွက် ကျောင်း
သားနှင့် ဆရာ အချိုးမှာ ၁:၂၂ ဖြစ်သည်။ နည်းပညာနှင့် သက်မွေးဆရာ စုစုပေါင်း ၃၅၄၂ ဦးရှိသည့်အတွက် သင်တန်းဆရာနှင့် သင်တန်းသားအချိုးမှာ ၁:၄ ဖြစ်ပြီး တက္ကသိုလ် ဆရာ ဆရာမ စုစုပေါင်း ၂၂၄၁၄ ဦးရှိသည့် အတွက် အဝေးသင်တက္ကသိုလ် ကျောင်းသား ဦးရေအပါအဝင် ကျောင်းသား ဆရာအချိုးမှာ ၁:၄၅ ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် မူလ တန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမ ၁၄၃၈၈ ဦး ခန့်ထားရန် လိုအပ် နေပြီး နည်းပညာနှင့် သက်မွေးအထက်တန်း ကျောင်း သိပ္ပံများတွင် ဆရာ ဆရာမ ၅၆၁ ဦး နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ဘာသာရပ် လိုအပ်ချက်အရ နည်းပြသရုပ်ပြ ၁၂၃၅ ဦး ခန့်ထားရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။
ပြုပြင်ပြောင်းလဲမှုများ လုပ်ငန်းစဉ် (၅) ဖြစ်သည့် ကျောင်းအသီး သီးမှ ဆရာ ဆရာမများ၏ ဘာသာရပ် ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှုစွမ်းရည်များ မြင့်မားလာစေရန် အခြေခံပညာကဏ္ဍတွင် ၂၁ ရာစု ကျွမ်းကျင်မှုနှင့် လိုက်လျောညီထွေ သည့် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုများ ကို ဆောင်ရွက်လျက်ရှိသည်။ ။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade3 နှင့် Grade – 6 ကျောင်းသုံးဖတ်စာအုပ် အသစ်များနှင့် ဆရာလမ်းညွှန် စာအုပ်အသစ် များကို အသုံးပြုပြီး သင်ကြားသင်ယူမှု နည်းလမ်း သင်တန်းများကို မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမများကို သင်တန်းပေးခဲ့သည်။ ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်တွင် Grade -4, Grade -7 နှင့် Grade- 10 များအတွက် ဆရာ ဆရာမများ ကို သင်တန်းပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။
“နည်းပညာနဲ့ သက်မွေးကဏ္ဍတွင် နည်းပညာမြှင့်တင်ရေး သင်တန်းဌာနအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဘယ်လင်း၌ ဆရာ ဆရာမ ၁၃၇ ဦးကို သင်တန်းပေးနိုင်ခဲ့ပါတယ်။ ပညာရေးဒီဂရီကောလိပ်တွေမှာ ၄ နှစ် သင်ရိုး ညွှန်းတမ်းအတွက် ဆရာ ဆရာမအားလုံး ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာ လမှာ သင်တန်းပို့ချပြီး ဖြစ်ပါတယ်။ ပညာရေး
ကောလိပ် ၂၅ ကျောင်းရှိ ဆရာ ဆရာမတွေရဲ့ အင်္ဂလိပ်စာဘာသာစကားစွမ်းရည် တိုးတက် ရေးအတွက် Towards Results in Education and English (TREE) Project of British Council, vso, the Open University and Montrose Consulting တို့နှင့် ပူးပေါင်း၍ TREE Facilitators (BC/VSO) တို့၏ အညီဖြင့် နည်းပညာတွေနဲ့ အကြံဉာဏ် ကောင်းတွေကို ရယူအသုံးချနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်း ပညာရေးတက္ကသိုလ်တို့အနေဖြင့် ကျန်ရှိသည့် အခြားတက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ ဆရာ ဆရာမများ၏ Capacity Building and Teaching Methodology Training သင်တန်း ပေးနိုင်ခဲ့သည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်များတွင် အုပ်ချုပ်မှုတာဝန် ပေးအပ်မည့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်၊ ကျောင်းအုပ်ကြီးများ၏ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် National Institute for Higher Education Development အစီအစဉ်ကို ဆောင်ရွက်သွားမည်ဟု သိရသည်။
ထို့ပြင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ ပြည်ပနိုင်ငံ များမှ ပညာရှင် ၃၆၈ ဦးက တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် ကောလိပ်များတွင် သက်ဆိုင် ရာဘာသာရပ်များ သင်ကြားပေးလျက်ရှိ သည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၁၈၂၀၁၉ ပညာသင်နှစ်အထိ နိုင်ငံတကာ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် MoU, MoA လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက် ထားရှိမှု ၁၃၈ ခုရှိပြီး Quality Assurance သင်တန်းများ ပို့ချပေးခဲ့သည်။ ထို့အတူ ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှု စွမ်းရည်များ မြင့်မားလာစေရေးအတွက် ဆရာ ဆရာမများကို ပြည်တွင်း၊ ပြည်ပ သင်တန်း များသို့ စေလွှတ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ နှင့် သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။
အဆင့်မြှင့်တင်ဆောင်ရွက်
ပညာရေးဝန်ကြီးဌာနနှင့် UNESCO တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေးတိုးမြှင့်ရေး စီမံချက်ဖြင့် (Strengthening Pre – Service Teacher Education in Myanmar – STEM Project) ဖြင့် လက်ရှိ (၂) နှစ်သင် ဒီပလိုမာ ပညာရေးကောလိပ်များမှ ဘွဲ့အပ်နှင်းမည့် (၄) နှစ်သင် ပညာရေးဒီဂရီကောလိပ်များ အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် (၄) နှစ်သင် ပညာရေးဒီဂရီကောလိပ် ပထမနှစ်၊ ပထမ နှစ်ဝက် သင်ရိုးညွှန်းတမ်းအသစ် ကျောင်းသား ကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များ ပုံနှိပ်ဖြန့်ဝေခြင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ပညာရေးကောလိပ် ၂၅ ကျောင်းတွင် ပညာရေးဒီဂရီကောလိပ် ပထမနှစ်၊ ပထမ နှစ်ဝက် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် ဖွင့်လှစ် သင်ကြားပေးလျက်ရှိခြင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင် လမှ ၂၀၂၀ ပြည့်နှစ်အတွင်း ဒုတိယနှစ်၊ ပထမ နှစ်ဝက်နှင့် ဒုတိယနှစ်ဝက် သင်ရိုးမာတိကာ၊ ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန် စာအုပ်(မူကြမ်း)တို့ကို ရေးဆွဲခြင်း၊ ပြန်လည် သုံးသပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ဦးစားပေး၍ ဖြည့်ဆည်း
ထို့အတူ KG + 12 အခြေခံပညာရေး သင်ရိုးညွှန်းတမ်းနှင့် လိုက်လျောညီထွေမည့် အဆင့်မြင့်ပညာရေး သင်ရိုးညွှန်းတမ်း အညွှန်း ဘောင်ရေးဆွဲရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးများ ဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် International Quality Assurance Unit များ ဖွဲ့စည်းဆောင်ရွက်ရေး စီစဉ်လျက်ရှိသည်။
လုပ်ငန်းစဉ် (၆) အရအခြေခံပညာရေးကို လူတိုင်း ပိုမိုလက်လှမ်းမီနိုင်ရန် ဖွံ့ဖြိုးမှု အားနည်းသည့်ဒေသများရှိ ကျောင်းများ၏ လိုအပ်ချက်များကို ဦးစားပေး၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ဖြည့်ဆည်း ဆောင်ရွက်ရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတစ် ဝန်းလုံးတွင် ကျောင်းစာကြည့်တိုက်၊ စာသင် ဆောင် ဆောက်လုပ်ခြင်း၊ သိပ္ပံဆောင်နှင့် ဝန်ထမ်းအိမ်ရာများ စသည်တို့အပါအဝင် ကျောင်းအဆောက်အဦပေါင်း ၁၄၄၇၃ ခုကို ဆောက်လုပ်ခြင်းတို့အတွက် ငွေကျပ် ၅၂၀ ဒသမ ၅၂၀ ဘီလီယံ သုံးစွဲခဲ့သည်။
“အခြေခံပညာရေးကို လူတိုင်း လက်လှမ်း မီဖို့ ဆောင်ရွက်ရာမှာ အခက်အခဲရှိတဲ့ ဒေသ တွေကို သတ်မှတ်တဲ့အခါ ကမ္ဘာ့ဘဏ်နဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (MOPFI )တို့ ၂၀၁၉ ခုနှစ်တွင် ပူးပေါင်း ထုတ်ဝေတဲ့ Poverty Report အရ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တွေမှာ ဆင်းရဲမှုနှုန်း ပိုမိုများပြား တာကို တွေ့ရပါတယ်။ ဆင်းရဲမှုနှုန်းအမြင့်ဆုံး ဖြစ်နေသူတွေဟာ ကျောင်းလုံးဝမနေဖူးသူ တွေဖြစ်တာကို တွေ့ရပါတယ်။ မူလတန်းပြီး လို့ အလယ်တန်းဆက်မတက်သူ၊ အထက် တန်းပညာသင်ယူရင်း ကျောင်းထွက်ရင်လည်း ဝင်ငွေနည်းနည်းရတဲ့ အလုပ်တွေကိုသာ လုပ်လို့ရမှာဖြစ်တဲ့အတွက် ဆင်းရဲမှုက လွတ်မြောက်ဖို့ဆိုရင် ကျောင်းသား ကျောင်း သူအားလုံးဟာ အထက်တန်းပညာ သင်ယူပြီး မြောက်ပြီး အသက်မွေးဝမ်းကျောင်းသင်တန်း၊ သိပ္ပံတွေ၊ တက္ကသိုလ်ပညာတွေကို ဆက်လက် ပညာသင်ယူတတ်မြောက်ဖို့၊ တစ်သက်တာ သင်ယူဖို့ အရေးကြီးပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ကမ္ဘာ့ဘဏ်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ၂၀၂၀ ပြည့်နှစ် ဖေဖော် ဝါရီလတွင် ပူးပေါင်းထုတ်ဝေတဲ့ Social Economic Report အရ မြန်မာနိုင်ငံတွင် ကျောင်းထွက်နှုန်း အများဆုံးဒေသများသည် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ကြောင်း ဖော်ပြ ထားသည်။
“မြန်မာနိုင်ငံရဲ့ အလယ်တန်း၊ အထက် တန်း၊ အသက်မွေးဝမ်းကျောင်းနဲ့ တက္ကသိုလ် တက်သူဦးရေကို ကြည့်မယ်ဆိုရင် အသက် ၁၅ နဲ့ ၂၄ နှစ် အုပ်စုမှာ ၅၀ ဒသမ ၄ ရာခိုင် နှုန်းအထိ သင်ယူနိုင်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ အခုလက်ရှိ အခြေခံပညာ ကျောင်းတွေမှာရှိတဲ့ အုပ်စုဆိုရင် အထက် တန်းကျောင်းတက်နေတဲ့သူ ရာခိုင်နှုန်းက ၅၉ ရာခိုင်နှုန်းရှိပါတယ်။ အလယ်တန်း တက်နေတဲ့သူက ၇၈ ရာခိုင်နှုန်းရှိတဲ့အတွက် ပညာသင်ယူခွင့် အခွင့်အလမ်းတွေ ပိုမိုရရှိခဲ့ လို့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန် လာပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
အခက်အခဲရှိသော ဒေသများ၊ ဝေးလံ ခေါင်သီသည့် ဒေသများနှင့် သင်ယူမှုအခွင့် အလမ်း တိုးမြှင့်ပေးရန် လိုအပ်သောဒေသများ မှ ကလေးများအတွက် သင်ယူမှုအခွင့်အလမ်း ရရှိစေရေး လူတိုင်းအကျုံးဝင်အရည်အသွေး မီပညာရေးလုပ်ငန်းအစီအစဉ် (IAQE) ကို အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းလျက် ရှိသည်။
လုပ်ငန်းစဉ် (၇) သည် ပညာအရည်အချင်း နည်းပါးသူများ၏ နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်စေရန် အခြေခံပညာအလယ်တန်း နှင့် အထက်တန်း တန်းညှိအစီအစဉ်များနှင့် သက်မွေးမှုသင်တန်းအစီအစဉ်များဖြင့် ပညာ ဆက်လက်ပညာဆည်းပူးနိုင်သော အခွင့် အလမ်းများ ဖော်ဆောင်ပေးခြင်း ဖြစ်သည်။
အခြေခံစာတတ်မြောက်ရေး
အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း များကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခု အတွင်း ခရိုင် ၂၆ ခုနှင့် မြို့နယ် ၇၀ တို့တွင် သင်ယူသူပေါင်း ၅၃၉၂၁ ဦးရှိခဲ့ပြီး သင်ယူပြီး မြောက်သူ ၄၉၉၆၁ ဦးကို အခြေခံ အရေး၊ အဖတ်နှင့် အတွက် တတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ရှမ်းပြည်နယ် တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင် အတွင်း မြို့နယ် ၁၂ မြို့နယ်တွင် ပြည်သူ့အခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ် ၇ ရပ်နှင့် အခြေခံစာ တတ်မြောက်ရေး လုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။
“အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို မိတ္ထီလာ၊ မြင်းခြံနှင့် ညောင်ဦးမှာ သင်ယူသူ စုစုပေါင်း ၆၉၀၁ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရာတွင်သင်တန်း သား ၂၈၀၃ ဦး တက်ရောက်ခဲ့ပါတယ်။ ဒေသနဲ့ လိုက်လျောညီထွေတဲ့ ကာလတိုသင်တန်း စုစု ပေါင်း ၆၀ ကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် နည်းပညာနဲ့ သက်မွေးပညာကဏ္ဍ မှာ လိုအပ်နေတဲ့ ပုံမှန်သင်တန်းသား ၂၄၉၃၇ ဦးနဲ့ ကာလတိုသင်တန်းသား ၁၉၇၇၈ ဦးကို သင်ကြားပေးနိုင်ခဲ့ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။
ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ဦးစား ပေးလုပ်ငန်းစဉ် (၈) အရကမ္ဘာ့အဆင့်မီ အဆင့် မြင့်ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် သီးခြားတက္ကသိုလ် ၁၆ ခုကို ဖော်ဆောင်ထား ပြီး တက္ကသိုလ် ၅၀ တွင် University Charter ရေးဆွဲဆောင်ရွက်ပြီးဖြစ်သည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ ၂၀၁၈-၂၀၁၉ ပညာသင် နှစ်အထိ ပြည်တွင်း၊ ပြည်ပ သုတေသန စာတမ်းပေါင်း ၁၆၂၀၁ စောင် ရေးသား ထုတ်ဝေနိုင်ခဲ့သည်။
တတိယအကြိမ် ဖွင့်လှစ်
အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည့် အဝေးသင်ပညာရေးစနစ်တွင် မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံမှ တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် အဝေးသင်ကျောင်းသား ကျောင်းသူ
ပေါင်း ၅၀၀၀၀၀ ကျော်ကို အလုပ်အကိုင်အခွင့် အလမ်းရရှိနိုင်သော ကျွမ်းကျင်မှုများ တိုးတက် စေရန်၊ မြန်မာနိုင်ငံအတွက် အရေးကြီးသော အသိပညာဖြစ်သည့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ သိပ္ပံပညာရပ် ဖွံ့ဖြိုးတိုးတက်စေရန်၊ သင်ရိုးညွှန်းတမ်းများလည်း ကမ္ဘာ့အဆင့်မီ ဖြစ်ပေါ်လာစေရန်နှင့် ရရှိလာသော တိုးတက် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို ဒေသ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည့် ပညာရပ်များတွင် ပြန်လည်အသုံးချရန် စီမံ ချက်တစ်ခုဖြစ်သည့် Transformation by Innovation in Distance Education (TIDE) စီမံချက် Residential School သင်တန်းများ ကို တတိယအကြိမ် ဖွင့်လှစ်ခဲ့ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တက္ကသိုလ် စုစုပေါင်း ၂၀ ကျော်မှ ဆရာ၊ ဆရာမ သင်တန်းသား သင်တန်းသူ ၂၀၀ ခန့်တက်ရောက်ခဲ့သည်။
(၁၉) ကြိမ်မြောက် အာရှသိပ္ပံကောင်စီ ညီလာခံကို ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့၊ အာရှသိပ္ပံ ကောင်စီနှင့် ဂျပန်နိုင်ငံ သိပ္ပံကောင်စီတို့မှ ကြီးမှူး၍ “အာရှဒေသ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သုတေသနနှင့် ဆန်းသစ်တီထွင်မှု” ခေါင်းစဉ်ဖြင့် နေပြည် တော် Grand Amaraဟိုတယ်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း သုံးရက်တာကျင်းပခဲ့ရာ စာတမ်းများ ဖတ်ကြားခြင်း၊ ပိုစတာပြပွဲနှင့် သုတေသနပရောဂျက် အလုပ်ရုံဆွေးနွေးပွဲ တို့ကို ဆောင်ရွက်ခဲ့သည်။ ။
တိုက်ရိုက်လျှောက်ထားခွင့်ပြု တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး မိမိ တက်ရောက်လိုသည့် တက္ကသိုလ်ကို လျှောက် ထားနိုင်ခွင့်ရှိစေရန် ၂၀၁၉ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်သူများအတွက် သီးခြား ဝင်ခွင့်ရွေးချယ်မည့် တက္ကသိုလ်များအဖြစ် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်စီးပွား ရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၊ မြန်မာ နိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တို့ကို သတ်မှတ်ခဲ့ပြီး တိုက်ရိုက် လျှောက်ထားခွင့်ပြုခဲ့သည်။
ဦးစားပေးလုပ်ငန်းစဉ်(၉) အရ နည်းပညာ နှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ပညာ ရပ်များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့် တန်းတူ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပထမ တန်းစား TVET ပညာရေးဖြစ်လာစေရန် အတွက် အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အစိုးရ နည်းပညာအထက်တန်းကျောင်းများနှင့် TTTI, JMASVTI, SMVTI, NUTI, SITE, ELPS, Hlaing Thayar (Food & Beverage), YWTC (ရတနာ ဂဟေဆက်), အထည်ချုပ်နည်းပညာဆရာ ဖြစ်သင်တန်း၊ အချက်အပြုတ်သင်တန်း (GTI−In Sein) စသည့် သက်မွေးပညာသင်တန်းများ ကို ဖွင့်လှစ်ပေးလျက်ရှိပြီး EU ၏ ထောက်ပံ့ မှုအစီအစဉ်ဖြင့် (GTHS) သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို ပြန်လည်သုံးသပ် ပြင်ဆင်ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိ သည်။
ပညာရေးဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ အခြေခံပညာကဏ္ဍတွင် အခမဲ့ပညာရေးစနစ် ကို အကောင်အထည်ဖော် လျက်ရှိပြီး လုပ်ငန်း စဉ်၁၀ အရ မိဘများနှင့် ရပ်ရွာအသိုက်အဝန်း ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော ထိရောက် သည့် ပညာရေးဝန်ဆောင်မှုဖြစ်စေရန် လိုအပ်သော ထောက်ပံ့မှုများကို နှစ်စဉ်ဆောင်ရွက် လျက်ရှိသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၁၈−၂၀၁၉ ပညာသင်နှစ်အထိ ကျောင်းဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြု အစီအစဉ်အရ ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေကျပ် ၁၇၂ ဒသမ ၆၉၂ ဘီလီယံ၊ ဗလာစာအုပ်များ အခမဲ့ ဖြန့်ဝေရန်အတွက် ငွေကျပ် ၁၃ ဒသမ ၅၇၄ ဘီလီယံနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ အခမဲ့ ဖြန့်ဝေခြင်းအတွက် ငွေကျပ် ၁၄၆ ဒသမ ၀၅၆ ဘီလီယံကို သုံးစွဲခဲ့သည်။
ပညာသင်ထောက်ပံ့ကြေးများ ပံ့ပိုး
မိဘများကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ထိရောက်သော ပညာရေးဝန်ဆောင်မှုဖြစ်စေ ရန်အတွက် ပညာသင်ထောက်ပံ့ကြေးများ ပံ့ပိုး ပေးသည့်အစီအစဉ်ကို နှစ်စဉ်ဆောင်ရွက်ပေး လျက်ရှိသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီအစဉ်အရ ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံ ငွေကျပ် ၅၉ ဒသမ ၃၇၈ဘီလီယံ၊ ဗလာစာအုပ် အခမဲ့ဖြန့်ဝေရန်ငွေကျပ် ၉ဒသမ ၅၇၁ ဘီလီ ယံနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ အခမဲ့ ဖြန့်ဝေရန် ငွေကျပ် ၁၀၈ ဒသမ ၂၃၃ ဘီလီယံ သုံးစွဲခဲ့သည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် လုပ်ငန်းစဉ်များ၊ အချက်အလက်များကို ကျောင်းသား ကျောင်းသူနှင့် မိဘပြည်သူများ သိရှိစေရန် ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူများစာရင်းကို ပညာရေးဝန်ကြီး ဌာန၏ Offical Website ဖြစ်သည့် www.moe.gov.mm တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးခြင်း၊ တစ်ဦးချင်းစီသို့ အကြောင်း ကြားစာ ပေးပို့ခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရန် ဦးစားပေးလုပ်ငန်းစဉ် (၁၁) အရနိုင်ငံတော် အစိုးရ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်း ပြည်ပ မှရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများ ကို အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်လည်း ဆောင်ရွက် လျက်ရှိသကဲ့သို့ လုပ်ငန်းစဉ် (၁၂) ဖြစ်သည့် တိကျမှန်ကန်သည့် သတင်းအချက်အလက် များကို အခြေခံ၍ ထိရောက်သော ပညာရေး ပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့် လေ့လာ ကြီးကြပ်မှု လုပ်ငန်းအစီအစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ။
“ပညာရေးအရည်အသွေး ဘယ်လောက် တိုးတက်လာသလဲကို နိုင်ငံတကာအစီရင်ခံစာ တွေကို ကြည့်ပြီးပြောရရင် Human Development Report 2019, 2018, 2016, 2015 တွေအရ လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း ပညာ ရေးနဲ့ သက်ဆိုင်တဲ့ မျှော်မှန်းကျောင်းနေတဲ့ နှစ်တွေ၊ ပျမ်းမျှကျောင်းနေတဲ့ နှစ်တွေ ပိုမို တိုးတက်လာသလို လူသားဖွံ့ဖြိုးမှုအညွှန်း ကိန်းအရ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံဟာ အာဆီယံ ဒေသအတွင်းမှာ နောက်ဆုံးဖြစ်ပါ တယ်။ ၂၀၁၉ ခုနှစ် ထုတ်ပြန်အစီအရင်ခံစာ အရ ၂၀၁၈ အညွှန်းကိန်းဟာ မြန်မာနိုင်ငံက ၀ ဒသမ ၅၈၄ နဲ့ ကမ္ဘောဒီးယားကို ကျော်လွန် သွားပြီဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး | ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
“ကမ္ဘာ့ဘဏ်ရဲ့ World Development Report ၂၀၁၉ ခုနှစ် အစီရင်ခံစာပါ လူသား အရင်းအမြစ်အညွှန်းကိန်း ၂၀၁၈ ခုနှစ်အရ မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်းမှာ လာအို ထက် ပိုမိုသာလွန်ပြီး ၀ ဒသမ ၄၇ နဲ့ ရှိနေပါ တယ်။ HDL မှာ ကမ္ဘောဒီးယားကို သာလွန်ပါ တယ်။ တက္ကသိုလ်တွေရဲ့ ကမ္ဘာ့အဆင့်နဲ့ အာဆီယံအဆင့် Ranking ကို ကြည့်မယ် ဆိုရင် ရန်ကုန်တက္ကသိုလ်ဟာ ကမ္ဘာ့အဆင့် အနေနဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ထုတ်ပြန်တဲ့ စာရင်းအရ ၇၀၁၂ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ၁၃၀၇၂ ရှိတဲ့အတွက်ကြောင့် ကမ္ဘာ့အဆင့် ၆၀၆၀ တိုးတက်လာတာကိုတွေ့ရသလို အာဆီယံအဆင့် ၃၂၆ ဆင့်ရှိတဲ့အတွက် အာဆီယံမှာလည်း အဆင့် ၂၄၃ ဆင့် တိုးတက် လာတာကို တွေ့ရမှာဖြစ်ပါတယ်။ မန္တလေး တက္ကသိုလ်က ကမ္ဘာ့အဆင့် ၈၂၉၁ ဆင့် ရှိလာ တဲ့အတွက် ကမ္ဘာ့အဆင့် ၁၂၄၁၀ တိုးတက် လာသလို အာဆီယံအဆင့် ၄၂၆ ဆင့်ဖြစ်တဲ့ အတွက် အာဆီယံအဆင့်မှာ ၆၆၄ ဆင့် တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက ဆက်လက်ပြောကြားသည်။
အဓိကစိန်ခေါ်မှုတစ်ရပ် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာ ရေးပြုပြင်ပြောင်းလဲမှုများကို စနစ်တကျ ထိရောက် ပွင့်လင်းမြင်သာစွာ အကောင် အထည်ဖော်နိုင်ရေးအတွက် ကျောင်းသား လူငယ်များ၊ တစ်သက်တာ သင်ယူသူများကို စဉ်းစားတွေးခေါ်နိုင်ခြင်းဖြင့် ပြဿနာ ဖြေရှင်းနိုင်စွမ်းရှိသည့် ကောင်းမွန်စွာ သင်ယူ နိုင်စွမ်း၊ ဆက်သွယ်ဆောင်ရွက်နိုင်စွမ်းရှိ သည့် ကျွမ်းကျင်မှု၊ ကိုယ်ပိုင်စွမ်းရည်၊ လူမှု ရေးဆိုင်ရာ စွမ်းရည်များရှိလာစေရန် ကြိုးပမ်း ဆောင်ရွက်ရာတွင် အလွတ်ကျက်မှတ်ခြင်း သည် အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်နေ ကြောင်း တွေ့ရသည်။
ထို့ကြောင့် ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံပညာကဏ္ဍ၊ နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့် ရေးကဏ္ဍ၊ တက္ကသိုလ်များတွင် ပညာသင်ယူ ခွင့်ရရှိရေးနှင့် ပညာအရည်အသွေး မြင့်မား တိုးတက်ရေးကို ဦးတည်၍ အကောင်အထည် ဖော်ရာတွင် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းလုပ်ငန်းများကို ထိရောက်ပွင့်လင်း မြင်သာစွာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရသည်။



Bookmark the permalink.

Comments are closed.