“COVID-19 Education Sector Response” ခေါင်းစဉ်ဖြင့် အွန်လိုင်းမှ တစ်ဆင့် ဟောပြော ပို့ချ


Date : 8 May, 2020

p3

April 8
နေပြည်တော် မေ ၈
ပညာရေးဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများအား ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က “COVID-19 Education Sector Response” ခေါင်းစဉ်ဖြင့် အွန်လိုင်းမှတစ်ဆင့် ဟောပြောပို့ချခြင်း အစီအစဉ်အား ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ဆက်လက်၍ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က COVID-19 ကြောင့် ပညာရေးကဏ္ဍအား သက်ရောက်မှုအခြေအနေ၊ အနာဂါတ် မျိုးဆက်သစ်များအတွက် ပညာရေး၊ အဆင့်မြင့်ပညာရေးအား အလုပ်အကိုင်အခွင့်အလမ်းနှင့် ချိတ်ဆက်ခြင်း၊ ထည့်သွင်းစဉ်းစားရန် အချက်များ စသည်တို့ကို ဟောပြောပို့ချသည်။ ၎င်းနောက် ဟောပြောပို့ချခြင်း အစီအစဉ်သို့ တက်ရောက်သူများက သိရှိလိုသူများကို မေးမြန်းဆွေးနွေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျေးဇူးတင်စကား ပြောကြား၍ ဆွေးနွေးပွဲအား ရုတ်သိမ်းလိုက်သည်။ အဆိုပါ “COVID-19 Education Sector Response” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခြင်း အစီအစဉ်သို့ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူး များ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။



Bookmark the permalink.

Comments are closed.