ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E Ms.Andrea Faulkner နှင့်အဖွဲ့အား ဗီဒီယိုကွန်ဖရင့်ဖြင့် ပညာရေးလုပ်ငန်းစဉ်များဆွေးနွေး


Date : 5 June, 2020

3

June 4

နေပြည်တော် ဇွန် ၄

ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နေ့လယ်(၁)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ အင်တာနက် ကွန်ရက် Video Conferencing ပုံစံဖြင့်အသုံးပြု၍ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E Ms.Andrea Faulkner နှင့်အဖွဲ့အား တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်ဆွေးနွေး ကြသည်။

ယင်းသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ COVID-19 အပေါ်တုံ့ပြန်မှုနှင့်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ပညာရေးဝန်ကြီးဌာနနှင့်သြစတြေးလျနိုင်ငံအစိုးရတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ပညာရေးအရည်အသွေးမြင့်မားရေးလုပ်ငန်းအစီအဉ်(My-EQIP)နှင့် အမျိုးသားပညာရေးမဟာစီမံကိန်း-၂(၂၀၂၁-၂၀၃၀) ရေးဆွဲမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.