၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများစစ်ဆေးနေမှု လှည့်လည်ကြည့်ရှုအားပေး


Date : 13 June, 2020

2

June 12

နေပြည်တော် ဇွန် ၁၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက် ၉ နာရီခွဲတွင် မန္တလေးတက္ကသိုလ်သို့ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများ၏ အဖြေလွှာများ စစ်ဆေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ ဖြေဆိုသူများ၏ အဖြေလွှာစစ်ဆေးနေသည့် ဆရာဆရာမများအား ရင်းနှီးနှီး အားပေးနှုတ်ဆက်၍ ကိုရိုနာဗိုင်းရပ်ကာကွယ်ရေး နည်းစနစ်များကို လိုက်နာကျင့်သုံးဆောင်ရွက်ကြရန်၊ စာစစ်လုပ်ငန်းများ၏ လုပ်ထုံး၊လုပ်နည်းနှင့်အညီ အဖြေလွှာများအား စနစ်တကျစစ်ဆေး ဆောင်ရွက်ကြရန်၊ စာစစ်လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် အဖြေလွှာစစ်ဆေးကြသည့် ဆရာဆရာမများ၏ အရေးပေါ်လိုအပ်ချက် အခက်အခဲများဖြစ်ပေါ်လာပါက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် စသည်ဖြင့်မှာကြားသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ၁၅၃၇၅၇ ဦး၏အဖြေလွှာများကို အခြေခံပညာဦစီးဌာနမှ ဆရာဆရာမ ၃၆၅၄ ဦးနှင့် အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာဆရာမ ၁၂၆၂ဦး၊ စုစုပေါင်း ဆရာဆရာမ ၄၉၁၆ ဦးတို့ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရှိရသည်။



Bookmark the permalink.

Comments are closed.