လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေး တိုးမြှင့်ရေးစီမံကိန်း (STEM) လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ


Date : 17 June, 2020

2

June 17

နေပြည်တော် ဇွန် ၁၇
မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအရည်အသွေးတိုးမြှင့်ရေးစီမံကိန်း (STEM) လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁နာရီတွင် video conferencing ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဖင်လန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E. Ms Ritta Laatu ၊ သြစတြေးလျသံရုံးအကြံပေးပုဂ္ဂိုလ် Mr Tim Vistarini, မြန်မာနိုင်ငံဆိုင်ရာ ယူနစ်စကိုသံရုံးတာဝန်ခံ Ms Min Jeong Kin, DFID ပညာရေးပညာရှင် ဒေါက်တာခိုင်ဖြူထွဋ်၊ ပညာရေးဝန်ကြီးဌာနရှှိ ဦးစီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့မှ တာဝန်ရှိ သူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဆရာအတတ်သင် ပညာရေး သင်ရိုးပြုစုမှု အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ၊ ဆရာ အတတ်သင် သင်တန်း ဆရာဆရာမများအား သင်တန်းများ ပေးနေမှုအခြေအနေ၊ COVID ကာလအတွင်း ဆရာအတတ်သင် သင်တန်းသား၊ သင်တန်းသူများ ဆက်လက်ပညာသင်ယူနိုင်ရေးနှင့် ဆရာ့တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်၊ ဆရာများ မူဝါဒရေးရာများအကြောင်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံလုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေးတိုးမြှင့်ရေး စီမံကိန်းကို ဩစတေးလျနိုင်ငံအစိုးရ၊ ဖင်လန်နိုင်ငံအစိုးရနှင့် ယူကေနိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနတို့၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ပညာရေးဝန်ကြီးဌာနနှင့် UNESCO တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံလုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေးတိုးမြှင့်ရေး စီမံကိန်း (STEM) အဆင့် (၃) အတွက် ဖင်လန်နိုင်ငံအစိုးရက ယူရို ၅သန်း ကူညီပံ့ပိုးပေးကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.