ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဆီမီယို အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ၏ မူဝါဒရေးရာ e-Forum သို့ တက်ရောက်ဆွေးနွေး


Date : 18 June, 2020

1

June 19

နေပြည်တော် ဇွန် ၁၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးသည် ယနေ့နံနက် ၉ နာရီတွင် ဆီမီယို အရှေ့တောင်အာရှပညာရေးဝန်ကြီးများ၏ မူဝါဒရေးရာ e-Forum သို့ တက်ရောက် ဆွေးနွေးသည်။

အဆိုပါဆွေးနွေးပွဲသို့ ဆီမီယိုအဖွဲ့ဝင် အရှေ့တောင် အာရှနိုင်ငံများနှင့် ဆီမီယို မိတ်ဖက်အဖွဲ့ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့်ပညာရေးအရာရှိကြီး များ တက်ရောက်ကြပြီး ဆီမီယို Secretariat မှ ညွှန်ကြား ရေးမှူး Dr. Ethel Agnes Pascua-Valenzuela က အဖွင့် အမှာစကားပြောကြားသည်။

အလှည့်ကျတင်ပြ

အစည်းအဝေးတွင် မလေးရှားနိုင်ငံ ပညာရေးဝန်ကြီး ဆီမီယိုကောင်စီဥက္က Dr. Radzi Jidin နှင့် စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီး ဆီမီယိုကောင်စီဒုတိယဥက္က Mr.Ong Ye Kung တို့က keynote speech များ ပြောကြားကြပြီး ဆီမီယိုအဖွဲ့ဝင်နိုင်ငံများ၏ ပညာရေးဝန်ကြီးများက ကိုဗစ်-၁၉ ကာလအတွင်း ပညာရေး၊ ကိုဗစ်-၁၉ အလွန် ပညာရေးနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းဆိုင်ရာ အကြောင်းအရာများကို အလှည့်ကျတင်ပြကြသည်။

ကိုဗစ်-၁၉ ကာလအလွန်ပညာရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လ၌ စာမေးပွဲများပြီးစီး၍ ဧပြီလနှင့် မေလ များသည် ကျောင်းပိတ်ကာလများဖြစ်သဖြင့် အခြေခံ ပညာကျောင်းများတွင် ထိခိုက်မှုမရှိခဲ့သော်လည်း အခြေခံ ပညာသင်ရိုးသစ် သင်ကြားသင်ယူမှုနည်းစနစ် သင်တန်း များ၊ တက္ကသိုလ်ကောလိပ်များ၏ ပထမနှစ်ဝက်စာမေးပွဲများ၊ တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာလုပ်ငန်းများ၊ လုပ်ငန်းခွင် အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းများကို ရွှေ့ဆိုင်းခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်မှ ဇွန် ၁၂ ရက်အထိ ၈၁ ရက်ကာလအတွင်း မြို့နယ် ၆၂ ခုတွင် အတည်ပြုလူနာ ၂၆၁ ဦးတွေ့ရှိပြီး ၁၆၅ ဦးမှာ ပြန်လည်ကျန်းမာရေးကောင်းမွန်လာပါကြောင်း၊ ပထမ လှိုင်းကို ကျော်လွှားနိုင်ခဲ့ပြီဟု ယူဆနိုင်ပါကြောင်း၊ ပညာ ရေးဆိုင်ရာ မြန်မာ ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့် ပြန်လည် ထူထောင်ရေးစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ ယခု ဇွန်လတွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင် လအတွင်း ပြန်လည်ဖွင့်လှစ်ကာ အလယ်တန်းနှင့် မူလတန်း အဆင့်ကျောင်းများကို အဆင်မပြေမှုများနှင့် အခက်အခဲ များအရ အဆင့်လိုက် ဆက်လက်ဖွင့်လှစ်သွားရန် ပြင်ဆင် ထားပါကြောင်း။

အခမဲ့ဖြန့်‌ဝေပေးမည်

သင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေး၊ မည်သည့် ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ် စေရေးကို ဦးတည်လျက် လူစုလူဝေးမဖြစ်ပေါ်ရေးနှင့် ထိတွေ့မှုကို လျှော့ချရေး၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံ ရေးကို ဦးစားပေးလုပ်ငန်းများအဖြစ် သတ်မှတ်ပြင်ဆင် ဆောင်ရွက်ထားပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ် ပါက ကျောင်းသား ကျောင်းသူများအားလုံးအား ဖတ်စာ အုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ နှာခေါင်း စည်းများ၊ မျက်နှာကာများကို အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ပြီး ကျောင်းတိုင်းအား သာမိုမီတာများနှင့် လက်သန့်စင်ရေးပစ္စည်းများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုများ သော မြို့နယ်များရှိ ကျောင်းများသို့ ရောဂါ ကာကွယ် ရေးဝတ်စုံ နှစ်စုံစီကိုလည်းကောင်း အခမဲ့ ထောက်ပံ့ပေးမည် ဖြစ်ပါကြောင်း၊ စာသင်ခန်းအတွင်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြား၍ ခပ်ခွာခွာနေထိုင်မှုကို စီစဉ်ထားရှိလျက် အခြေခံပညာကျောင်းများကို နည်းလမ်းလေးသွယ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ပုံမှန်တက်ကျောင်း၊ တစ်ပတ်ခြားကျောင်း၊ တစ်ပတ်ခြား၍ နှစ်သုတ်တက် ကျောင်း၊ တစ်ပတ်ခြားပြီး နှစ်သုတ်တက်၍ သုံးရက်တက် ကျောင်းများအဖြစ် လျာထားပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့နေအိမ်များသို့ ပြန်လည် ရောက်ရှိချိန် အိမ်တွင်ဆက်လက်သင်ယူလေ့ကျင့်မှုများ လိုအပ်မည်ဖြစ်ပါကြောင်း၊ အွန်လိုင်းသင်ကြားသင်ယူမှုများ အတွက်လည်း လိုအပ်သည်များ ဖြည့်ဆည်းနိုင်ရေး စီစဉ် ထားပါကြောင်း။

မြန်မာဒစ်ဂျစ်တယ်ပညာရေး ပလက်ဖောင်း (MDEP)ကို တည်ဆောက်ပြီးဖြစ်ရာ ဆရာ ဆရာမ ၂၅ ရာခိုင်နှုန်းခန့် မှတ်ပုံတင်သွင်းထားပြီး သင်ယူလေ့ကျင့်လျက်ရှိပါကြောင်း၊ ဝေးလံသော ဒေသများရှိ ကျောင်းများသို့ ကျောင်းသုံးဖတ် စာအုပ်များ၊ သင်ကြားသင်ယူမှုဆိုင်ရာ ဗီဒီယိုများ စသည့် သင်ယူလေ့လာစရာများပါဝင်သည့် DBE Box များကို ဖြန့်ဝေထားပါကြောင်း၊ ကျောင်းများသို့ Tablet တစ်လုံးစီ ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှု ရေးဝန်ကြီးများ၊ ပညာရေးမှူးများနှင့်လည်း Video Conferencing အစည်းအဝေးများ ကျင်းပခဲ့ပါကြောင်း၊ ကျောင်းထွက်နှုန်းလျှော့ချရေး၊ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံမှုရှိသော စဉ်ဆက်မပြတ်သင်ယူမှု ပတ်ဝန်းကျင် ကောင်းများဖန်တီးရေး၊ ဆရာအရည်အသွေး မြှင့်တင်ရေး နှင့် အရည်အသွေးရှိသော သင်ယူမှုရလဒ်ကောင်းများ ပေါ်ထွက်ရေးတို့အတွက် ဦးစားပေးဆောင်ရွက်လျက်ရှိ သဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းစဉ်များ အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျန်းမာပြီး လုံခြုံသော သင်ယူမှု ဝန်းကျင်ကောင်းရရှိစေရန်၊ သင်ယူမှုများအဆက်မပြတ်စေ ရန်နှင့် အရည်အသွေးရှိသော သင်ယူမှုများ အရှိန်အဟုန်ဖြင့် တိုးတက်စေရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြား သည်။

အားကောင်းလာစေရန်

ဆီမီယိုနိုင်ငံများ ပညာရေးဝန်ကြီးများ၏ မူဝါဒ ဆိုင်ရာဆွေးနွေးပွဲမှ ရလဒ်များမှာ သင်ယူသူများအား နည်းပညာဆိုင်ရာ တိုးတက်မှုရှိစေရန်အတွက် ပြင်ဆင် ပေးရန်၊ မိမိနိုင်ငံအနေထားပေါ် မူတည်၍ အမျိုးမျိုးသော ပညာရေးဆိုင်ရာ ပလက်ဖောင်းများကို အသုံးပြုရန်၊ ဆရာ ဆရာမများ၏ လက်ရှိအခြေအနေကို မြှင့်တင်ပြီး ၎င်းတို့ အတွက် အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ နှင့် သင်တန်းများတိုးချဲ့ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးမှုအနည်းဆုံး သော သင်ယူသူများနှင့် ဖွံ့ဖြိုးမှုနည်းသောဒေသရှိ ကျောင်း များအထိ ရောက်ရှိရေး ဆောင်ရွက်ရန်၊ (၂၁)ရာစု ပညာရေး ဆောင်ရွက်သူများအတွက် လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှု သဘောထားများ၊ တန်ဖိုးထားမှုများကို အပြည့် အဝအသုံးပြုရန်၊ ပညာရေးအတွက် အခြေခံအဆောက်အအုံ နှင့် ဘဏ္ဍာငွေကို ပိုမိုမြှင့်တင်ရန်နှင့် ပညာရေးရလဒ်ကောင်း များ ရရှိစေရန်အတွက် ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန်တို့ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်



Bookmark the permalink.

Comments are closed.