ပညာရေးဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် တီထွင်ရေးဆွဲထားသော 360ed Universe Learning Platform မိတ်ဆက်ပွဲနှင့် M Pride Company မှ အခြေခံပညာသင်ရိုးသစ် Grade-2 နှင့် Grade-3 အင်္ဂလိပ်စာဘာသာရပ် အခမဲ့သင်ထောက်ကူ Application များ လှူဒါန်းမှုအခမ်းအနားကျင်းပ


Date : 19 June, 2020

1

45x6ax
နေပြည်တော် ဇွန် ၁၉
ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် တီထွင်ရေးဆွဲထားသော 360 ed Universe Learning Platform မိတ်ဆက်ပွဲနှင့် M Pride Company မှ အခြေခံပညာသင်ရိုးသစ် Grade-2 နှင့် Grade-3 အင်္ဂလိပ်စာဘာသာရပ် အခမဲ့သင်ထောက်ကူ Application များ လှူဒါန်းမှုအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
နည်းပညာများအသုံးပြု
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ၂၀ ရာစု အလယ်ပိုင်း ကာလအထိ သင်ယူမှုအခွင့်အလမ်း များကို သင်ရိုးညွှန်းတမ်းအရ ပုံနှိပ် ထားသော ကျောင်းသုံးဖတ်စာအုပ် များအသုံးပြုပြီး ကျောင်းစာသင်ခန်း များတွင် သင်ကြားသင်ယူမှုနည်းလမ်း များဖြင့်သာ အများဆုံးရရှိနိုင်ပါ ကြောင်း၊ သင်ယူမှုအရင်းအမြစ်ဆိုင်ရာ များအတွက်လည်း စာကြည့်တိုက် များ၊ စာအုပ်ဆိုင်များကိုသာ အဓိက အားကိုးရပါကြောင်း၊ ၂၀ ရာစု နှောင်းပိုင်းမှ ယနေ့ ၂၁ ရာစု အစပိုင်း အထိ နည်းပညာဖွံ့ဖြိုးမှု အရှိန်အဟုန် မြင့်မားစွာတိုးတက်နေသကဲ့သို့ ပညာ ရေးတွင်လည်း နည်းပညာများကို အသုံးပြုကာ သင်ယူမှုအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် အပြိုင် အဆိုင် ကြိုးပမ်းဆောင်ရွက်လာသည် ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဘဝ အတွက် အကျိုးရှိမည့် ဘာသာရပ် များကို တစ်သက်တာ သင်ယူနိုင် မည့် အခွင့်အလမ်းများအတွက်လည်း စာသင်ခန်းအတွင်း သင်ယူခြင်း၊ အွန်လိုင်းသင်ယူခြင်း၊ off-line သင်ယူခြင်း၊ ပေါင်းစပ်သင်ယူခြင်း စသည့် နည်းလမ်းမျိုးစုံတို့ဖြင့် အချိန် နှင့် နေရာဒေသမရွေး သင်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ကဲ့သို့သင်ယူရာတွင် နည်းပညာ တိုးတက်မှုအပေါ်မူတည်၍ ၂၁ ရာစု ဆိုင်ရာ ကျွမ်းကျင်မှုများရရှိပြီး ကောင်းမွန်သော အလုပ်အကိုင် အတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိ၍ သာယာ လှပသောဘဝကို ပိုင်ဆိုင်နိုင်ခွင့်ရရှိ စေရန် ကြိုးပမ်းဖြည့်ဆည်းနေကြ သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
လိုအပ်သည်များဖြည့်ဆည်း
မြန်မာနိုင်ငံတွင်လည်း အွန်လိုင်း သင်ကြားသင်ယူမှုများအတွက် လိုအပ် သည်များ ဖြည့်ဆည်းနိုင်ရေး စီစဉ် ဆောင်ရွက်နေပါကြောင်း၊ မြန်မာ ဒစ်ဂျစ်တယ်ပညာရေး ပလက်ဖောင်း (MDEP)ကို တည်ဆောက်ပြီးဖြစ်ရာ ဆရာ ဆရာမ တစ်သိန်းဝန်းကျင်ခန့် မှတ်ပုံတင်သွင်းထားပြီး သင်ယူ လေ့ကျင့်လျက်ရှိပါကြောင်း၊ ဝေးလံ သောဒေသများရှိ ကျောင်းများသို့ ဦးစားပေး၍ ကျောင်းသုံးဖတ်စာအုပ် များ၊ သင်ကြားသင်ယူမှုဆိုင်ရာ ဗီဒီယိုများ စသည့်သင်ယူလေ့လာ စရာများပါဝင်သည့် DBE Box များကို ဖြန့်ဝေထားပါကြောင်း၊ ကျောင်းများ သို့ Tablet တစ်လုံးစီ ဖြည့်ဆည်း ပေးနိုင်ရေးအတွက်လည်း စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု ရှိသော စဉ်ဆက်မပြတ်သင်ယူမှု ပတ်ဝန်းကျင်ကောင်းများဖန်တီးရေး၊ ဆရာ အရည်အသွေး မြှင့်တင်ရေးနှင့် အရည်အသွေးရှိသော သင်ယူမှုရလဒ် ကောင်းများ ပေါ်ထွက်ရေးတို့အတွက် ဒေသတွင်းအခြေအနေနှင့် လိုက်လျော ညီထွေဆောင်ရွက်နိုင်ရေး ဦးတည် ကာ စာသင်ခန်းအတွင်း သင်ကြား သင်ယူခြင်းနှင့် နည်းပညာအသုံးပြု ပေါင်းစပ်သင်ကြား သင်ယူခြင်းတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သင်ယူမှုအခွင့်အလမ်း ပိုမို ရရှိစေရန်နှင့် အရည်အသွေးရှိသော သင်ယူမှုများ အရှိန်အဟုန်ဖြင့် တိုးတက်စေရန် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
လက်ရှိအခြေအနေကို မြှင့်တင်
ဇွန် ၁၈ ရက်တွင် ကျင်းပသည့် ဆီမီယိုနိုင်ငံ ပညာရေးဝန်ကြီးများ၏ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲမှ ပေါ်ထွက် လာသည့်ရလဒ်များမှာ သင်ယူသူများ အား နည်းပညာဆိုင်ရာ တိုးတက်မှု ရှိစေရန်အတွက် ပြင်ဆင်ပေးရန်၊ နိုင်ငံ အနေအထားပေါ်မူတည်၍ အမျိုးမျိုး သော ပညာရေးဆိုင်ရာ ပလက်ဖောင်း များကို အသုံးပြုရန်၊ ဆရာ ဆရာမ များ၏ လက်ရှိအခြေအနေကို မြှင့်တင် ပြီး ၎င်းတို့အတွက် အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများနှင့် သင်တန်းများတိုးချဲ့ ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးမှုအနည်းဆုံးသော သင်ယူသူများ နှင့် ဖွံ့ဖြိုးမှုနည်းသောဒေသရှိ ကျောင်း များအထိ ရောက်ရှိရေး ဆောင်ရွက် ရန်၊ ၂၁ ရာစု ပညာရေးဆောင်ရွက် သူများအတွက် လိုအပ်သော အသိ ပညာ၊ ကျွမ်းကျင်မှုသဘောထားများ၊ တန်ဖိုးထားမှုများကို အပြည့်အဝ အသုံးပြုရန်၊ ပညာရေးအတွက် အခြေခံအဆောက်အအုံများကို ပိုမို မြှင့်တင်ရန်နှင့် ပညာရေးရလဒ် ကောင်းများ ရရှိစေရန်အတွက် ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်တို့ ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ယနေ့ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ 360° ed နှင့် M Pride တို့ ပူးပေါင်း၍ အခြေခံပညာသင်ရိုးသစ် ဒုတိယ တန်းနှင့် တတိယတန်း အင်္ဂလိပ်စာ သာသာရပ် အခမဲ့အထောက်အကူ App များ ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူမှုရလဒ်ကောင်းများ ပိုမိုရရှိ ရန် များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်းနှင့် လှူဒါန်းကြသူ များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင် ရွက်ကြသူများ အားလုံးကို ကျေးဇူး အထူးတင်ရှိ၍ မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒေါ်လှလှဝင်း (Foun-der&CEO 360ed Degree Edu Tech Co.,Ltd)က ပေးအပ်လှူဒါန်းပွဲအခမ်းအနားပြုလုပ်ခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။
မိတ်ဆက်ပြသ
ယင်းနောက် ဦးဇော်မျိုးလှိုင် (Managing Director Mpride Co.,Ltd)က ပူးပေါင်းလှူဒါန်းဖြစ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြကာ လှူဒါန်းမည့် Platform Application အကြောင်း Video Presentation ဖြင့် မိတ်ဆက်ပြသသည်။
ဆက်လက်၍ အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး ဝင်းက အလှူရှင်များအား ကျေးဇူး တင်လွှာပေးအပ်ပြီး ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။
ယနေ့အခမ်းအနားသို့ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမိုး၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ 360ed Degree Edu Tech Co.,Ltd နှင့် Mpride Co.,Ltd တို့မှ တာဝန်ရှိသူ များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.