အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


Date : 27 June, 2020

5

June 27

နေပြည်တော် ဇွန် ၂၇

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း သည့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အခြေခံပညာကျောင်းများပြန်ဖွင့်ခြင်းသည် ကျောင်းသားကျောင်းသူများ သင်ယူမှုအခွင့် အလမ်း မဆုံးရှုံးအောင် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အခြေခံပညာအထက်တန်း ကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်လျက်ရှိရာ ကျန်းမာ၍ ဘေးကင်းလုံခြုံသော သင်ယူမှု ပတ်ဝန်းကျင် ကောင်းဖော်ဆောင်နိုင်ရေး အတွက် အဆင့်ဆင့်တာဝန်ရှိ သူများအနေဖြင့် မြေပြင်တွင်ဆောင်ရွက်နေကြသည့် ကျောင်း၊ ကျောင်းအုပ်များနှင့်ဆရာ ဆရာမများ အား အခမဲ့ပညာရေး အကောင်အထည်ဖော်မှုအရ စာသင်ခန်း၊ စာသင်ခုံ၊ ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်များရောက်ရှိမှု၊ ရေနှင့် ဆပ်ပြာ၊ လက်ဆေးဂျယ်၊ သန့်စင်ခန်း၊ ကျောင်းသားဦးရေအရ ဖြန့်ဝေမည့် ကိုယ်ပူချိန် တိုင်းကိရိယာ၊ ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ ပြန်လည်အသုံးပြု နိုင်သောအဝတ် မတ်ခ်၊ မျက်နှာကာ၊ ပီပီအီး(PPE)အရန်ခန်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း သင်တန်း၊ သင်ကြားသင်ယူမှု နည်းလမ်းဆိုင်ရာ သင်တန်းပေးခြင်း၊ ပညာသင်နှစ်ကာလ စာသင်ချိန်၊ စာသင်ခန်း၊စာသင်ခုံတို့အရ အနည်းဆုံးရှိသင့်သော ဆရာဦးရေ၊ သင်ယူတတ် မြောက်မှုကောင်းမွန်စေမည့် သင်ရိုးညွှန်းတမ်းနှင့် အကဲဖြတ် စစ်ဆေးခြင်းစသည့် လိုအပ်ချက်များ၊ အခက်အခဲများတို့ကို ကူညီဖြည့်ဆည်းဆောင်ရွက် ပေးကြရမည်ဖြစ်ပါ ကြောင်း၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မိဘ၊ ဆရာ၊ ကျောင်းသားများနှင့် ကျောင်းကားများ လိုက်နာရမည့်အချက်များကို အသိပေးဖြန့်ဝေပြီး ဖြစ်၍ စနစ်တကျတာဝန်ခွဲဝေပြီး အဆင့်ဆင့်ပူးပေါင်း ဆောင်ရွက်ရေး အရေးကြီးပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝင်ငွေနည်း၍ အခက်အခဲ ရှိသော မိသားစုများမှ ကျောင်းသားလူငယ်များအား ပညာသင်ထောက်ပံ့ကြေး ထောက်ပံ့ခြင်းတို့ကို တိုးမြှင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်းများပြန်ဖွင့် ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး၊ ကျောင်းအပ်နှံရေးလုပ်ငန်း စီမံချက်များနှင့်အညီ ကျောင်းအပ်နှံ ရေးသီတင်းပတ်များကို ကျင်းပသွားရန်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည်မဖွင့်မီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြိုတင်စီစဉ် ဆောင်ရွက်ထားမှုများကိုလည်း စိစစ်ချက် မှတ်တမ်းများဖြင့် စီမံဖြည့်ဆည်း ဖြေရှင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စကားဝိုင်း ဆွေးနွေးပွဲများ၊ အသိ ပညာပေး ဆောင်းပါးများဖြင့်လည်း အသိပေးဆောင်ရွက်ခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ အရည်အသွေးရှိသော ပညာသင်ယူခွင့် ရရှိရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ကျောင်းဖွင့်ချိန်တွင်ဆောင်ရွက်မည့် ပညာရေး လုပ်ငန်း စီမံချက်များအတိုင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ပြောကြားသည်။

ယင်းနောက် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဆောင်ရွက်မည့် ပညာရေး ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်းအခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာကျော်ဝင်းစိုး က စီမံဌာန၏နောက်ဆုံးဆောင်ရွက်ထားရှိမှု၊ ဒုတိယ ညွှန်ကြား ရေးမှူး(ငွေစာရင်း) ဒေါ်သစ်သစ်ခိုင် က ၂၀၂၀-၂၀၂၁ ပညာသင် နှစ်၊ ကျောင်းဖွင့်အမီ ဘဏ္ဍာဌာန၏ ဆောင်ရွက်ထားရှိမှု၊ ဒုတိယညွှန်ကြားရေးမှူး (အင်/ယာ) ဦးစည်သူမြင့်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများနှင့် စက်ပစ္စည်းဝယ်ယူရေး လုပ်ငန်းများအတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ထားရှိမှု၊ ညွှန်ကြား ရေးမှူး(ပညာ) ဒေါက်တာတင်ယုယုအေး က ကျောင်းများပြန်လည်ဖွင့်လှစ်သည့် အချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ်ဆောင်ရွက်ခြင်း၊ ဒုတိယညွှန်ကြားရေးမှူး (ကျောင်းသား ရေးရာ) ဦးကိုကိုဌေး က ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ မိဘ၊ ဆရာ၊ ကျောင်းသားများ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ လိုက်နာရမည့် အချက်များအားလည်းကောင်း၊ ညွှန်ကြား ရေးမှူး(စီမံကိန်းများကြီးကြပ် အကဲဖြတ်) ဦးအေးလွှင် က ကိုဗစ်-၁၉ ရောဂါကာကွယ် တာဆီး ရေးနှင့် လုံခြုံဘေး ကင်းစွာ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပြီးစီးမှု၊ ပင်မကျောင်းနှင့် အခြေစိုက်ကျောင်းများ ဆက် စပ်လုပ်ငန်းများ ဖြေလျော့မှု အစီအစဉ်များ၊ ဒုတိယညွှန်ကြားရေးမှူး(သင်ကြား) ဒေါ်ချိုချိုဝင်းက ဒသမတန်း(Grade-11)သင်ရိုးဟောင်းနှင့် ဒသမတန်း (Grade-10) သင်ရိုးသစ် သင်ရိုးညွှန်းတမ်းများညှိနှိုင်းသင်ကြားခြင်း (မူကြမ်း)၊ ဒုတိယညွှန်ကြားရေးမှူး (ကြီးကြပ် အကဲဖြတ်) ဒေါ်သင်းနုနုစိန်က အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် ပေးအပ်မည့်အခြေအနေများ၊ အခြေခံ ပညာကျောင်းများ ရုံးများကြီးကြပ်အကဲ ဖြတ်ခြင်းဆ်ိုင်ရာလုပ်ငန်းများနှင့် တတ်မြောက်မှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ၊ ဒုတိယညွှန်ကြား ရေးမှူး(စီမံကိန်း) ဦးခင်အောင်ရီက ကိုဗစ်-၁၉ ရောဂါကာလအတွင်း လတ်တလောဆောင်ရွက်ချက် နှင့်စီမံကိန်းပါ ဆက်စပ် လုပ်ငန်းများဆောင်မှု၊ ညွှန်ကြား ရေးမှူး(နယ်စပ်ရေးရာ) ဒေါက်တာ ဥမ္မာသန်း က တိုင်းရင်းသား ဘာသာ စာပေများ သင်ကြားသင်ယူနေမှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဒုတိယ ညွှန်ကြားရေးမှူး(ပုဂ္ဂလိက/ ကျောင်းပြင်ပ) ဦးကျော်မိုးထွန်းက က်ိုယ်ပိုင်ကျောင်းရေးရာ ကိစ္စရပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူး (ပြပွဲ၊ပြိုင်ပွဲ) ဦးခင်မောင်ကျော် က ပြပွဲ၊ ပြိုင်ပွဲ၊ စာကြည့်တိုက်နှင့် ပတ်သက်သောလုပ်ငန်းများဆောင် ရွက်နေမှု၊ ဒုတိယညွှန်ကြားရေးမှူး (လွှတ်တော်) ဦးဇော်ထွန်းအောင်က လွှတ်တော်ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များနှင့် တက်ရောက်လာသူများက ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ပြန်လည်ဆွေးနွေး၍ မှာကြားခဲ့ ကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.