ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ (၂၀၂၀) သုတေသနစကားဝိုင်း၊ ဆုချီးမြှင့်ပွဲနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကျင်းပ


Date : 28 June, 2020

ZZZ-72

June 28

ရန်ကုန် ဇွန် ၂၈

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသန ညီလာခံ (၂၀၂၀) သုတေသန စကားဝိုင်း၊ ဆုချီးမြှင့်ပွဲနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံးခန်း၌ Online Programme သုတေသနစကားဝိုင်းဖြင့် စတင် ကျင်းပသည်။

စကားဝိုင်းကို “အရည်အသွေးအခြေပြု သုတေသနမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးဆီသို့ (Quality Research Towards Prosperity of the Nation)” ခေါင်းစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု၊ နာဆာအာကာသ သိပ္ပံအကြီးတန်းသုတေသနပညာရှင် ဒေါက်တာ ပဒေသာတင် ဦးဆောင်၍ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ နီလာကြူ၊ မန္တလေး နည်းပညာတက္ကသိုလ် အီလက်ထရောနစ်အင်ဂျင်နီယာဌာန ပါမောက္ခ ဒေါက်တာမျိုးမြင့်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန် စက်မှုအင်ဂျင်နီယာဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာစိုးစိုးထွေးနှင့် ရန်ကုန်နည်းပညာ တက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာန ပါမောက္ခ ဒေါက်တာသိန်းမင်းထိုက်တို့က ပါဝင်ဆွေးနွေး ခဲ့ကြသည်။

ပြန်လည်ဖြေကြား

ယင်းနောက် တက်ရောက်ကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင် ဆွေးနွေးခဲ့ကြသည့် ဆရာ ဆရာမများက ပြန်လည်ဖြေကြားခဲ့ကြသည်။

ထို့နောက် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် တာဝန် ရှိသူများက စကားဝိုင်းတွင် ပါဝင်ဆွေးနွေး ခဲ့ကြသည့် ပညာရှင်များအား ဂုဏ်ပြု လက်ဆောင်များပေးအပ်ကြပြီး ဆုရရှိသူ စာတမ်းရှင်များ၏ အမည်စာရင်းအား ဖတ်ကြား သည်။

ပူးပေါင်းဆောင်ရွက်

ထို့နောက် ဒုတိယအကြိမ်မြောက် မြန်မာ နိုင်ငံ တက္ကသိုလ်များ သုတေသန ညီလာခံ ၂၀၂၀ ကျင်းပရေးဦးစီး ကော်မတီနာယက၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက Online မှ အမှာစကား ပြောကြားရာတွင် တက္ကသိုလ်များပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ် အသုံးပြုပြီး ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံကို ဇွန် ၂၅ ရက်မှ ၂၇ ရက် အထိ ဦးစီးကျင်းပဆောင်ရွက်သော ပါမောက္ခ ချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးနှင့် အဖွဲ့ဝင်များ၊ သုတေသနညီလာခံဖြစ်မြောက် ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာထင်ဇော်စိုးနှင့် တာဝန် ရှိသူများအားလုံးတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ အထူးဖိတ်ကြား၍ အွန်လိုင်းဖြင့် ဟောပြောပို့ချ ပေးကြသော နာဆာမှပညာရှင် ဆရာကြီး ဒေါက်တာပဒေသာတင်၊ Central European University မှ Provost Dr.Liviu Matei, ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက် တို့ကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ဘာသာရပ်နယ်ပယ်ကိုးခုမှ သုတေသနစာတမ်း များ ဖတ်ကြားဆွေးနွေးသူ ၁၃၄ ဦး၊ ပိုစတာ ဆောင်ရွက်သူ ၁၆ ဦးတို့ကို နေ့ညမအား သုတေ သနလုပ်ငန်းများကို ဆောင်ရွက်ပြီး ရရှိလာ သော သုတေသနရလဒ်များကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ဆွေးနွေးဖလှယ်ခြင်း၊ သဘာပတိများ၊ စိစစ်အကဲဖြတ်သူများ၊ မေးခွန်းဆွေးနွေးသူ များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ သုတေသနပညာရှင်များ၊ တာဝန်ရှိသူများအားလုံးတို့ကိုလည်း မြန်မာ နိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြသဖြင့် အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း၊ ဘာသာရပ်နယ်ပယ် တစ်ခုလျှင် အကောင်းဆုံး သုတေသန စာတမ်းပထမဆုနှင့် ဒုတိယဆုရရှိကြသူ များကိုလည်း အထူးဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ပါကြောင်း၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု လက်တွေ့အသုံးချနိုင်သော သုတေသနလုပ်ငန်းများကို ဆောင်ရွက်၍ နိုင်ငံတကာအဆင့်မီ အရည်အသွေးရှိသော သုတေသနရလဒ်များရရှိလာစေရေး၊ စာသင် ခန်းများ တွင် ကျောင်းသား ကျောင်းသူများ ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလာစေရေး၊ စီးပွားရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများတွင်အကောင်းဆုံး ဆက်လက် ၍ ပူးပေါင်းဆောင်ရွက်နိုင်စေရေး ဆုမွန် ကောင်းပို့သအပ်ပါကြောင်း ပြောကြား သည်။

အမှာစကားပြောကြား

ယင်းနောက် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံ(၂၀၂၀) သုတေသနစကားဝိုင်း၊ ဆုချီးမြှင့်ပွဲနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားအတွက် ဂုဏ်ပြု အမှာစကားပြောကြားပြီး ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ဝမ်းမြောက်စကားပြောကြားခဲ့ကြောင်း သိရ သည်။



Bookmark the permalink.

Comments are closed.