အခြေခံပညာသင်ရိုး ညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 8 July, 2020

1

July 8

နေပြည်တော် ဇူလိုင် ၈

အခြေခံပညာသင်ရိုး ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်အရ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများအားလုံးကို လာမည့် ဇူလိုင် ၂၁ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးနှင့် ညီညွတ်၍ လုံခြုံဘေးကင်းစေရန် စီစဉ်ဆောင်ရွက်ပြီး ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် Physical Distancing အရ ဆရာ၊ ကျောင်းသား တစ်ဦးနှင့်တစ်ဦးအကြား ခြောက်ပေခြားပြီး သင်ကြားသင်ယူနိုင်ရန် စီစဉ်ထားပါကြောင်း၊ ကျောင်းသား ကျောင်းသူဦးရေ၊ ဆရာ ဆရာမဦးရေ၊ စာသင်ခန်းနှင့် စာသင်ခုံအရေအတွက်များအပေါ် မူတည်၍ ကျောင်းပြန်ဖွင့်ရာတွင် ပုံမှန်အတိုင်းဖွင့်မည့် ကျောင်းများ၊ တစ်ပတ်ခြားဖွင့်မည့် ကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ်တက် ရမည့်ကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်စီ တက်ရမည့် ကျောင်းများဟူ၍ အမျိုးမျိုးရှိပါ ကြောင်း၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်သည့်အခါတွင် အရည်အသွေး ရှိသော သင်ယူတတ်မြောက်မှုရှိစေရန် သင်ရိုးတစ်ခုလုံးကို လွှမ်းခြုံ၍ လွယ်သင့်ခက်မျှတမှုရှိစေမည့် သင်ရိုး ဟောင်း Grade-11 နှင့် သင်ရိုးသစ် Grade-10 သင်ခန်းစာများအား စာသင်ချိန်နှင့် လိုက်လျောညီထွေ သင်ကြားသင်ယူနိုင်ရန် စီစဉ်ရမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် သင်ရိုး ဟောင်း Grade-11 တွင် အသက် မွေးဝမ်းကျောင်း ပညာရပ်များနှင့် အဆင့်မြင့်ပညာရပ် ဆက်လက် သင်ယူရာတွင် လိုအပ်မည့် အခြေခံ သင်ရိုးညွှန်းတမ်း လွှမ်းခြုံသင်ယူ တတ်မြောက်နိုင်ရန် လိုပါကြောင်း။

သင်ရိုးညွှန်းတမ်း၊ သင်ခန်းစာ များ၊ အကဲဖြတ်စစ်ဆေးခြင်းများနှင့် စာမေးပွဲချိတ်ဆက်မှုများ အရေးကြီး ပါကြောင်း၊ အထူးသဖြင့် ကျောင်းများ အားလုံးအတွက် မတူညီနိုင်သော ကျောင်းတက်ချိန်များ ထည့်သွင်း စဉ်းစား၍ သင်ယူတတ်မြောက်ရမည့် အကြောင်းအရာ သင်ခန်းစာများ ကို ညှိနှိုင်းဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီများအနေဖြင့် လက်တွေ့ ဆောင်ရွက်နိုင်မည့် အခြေအနေကို အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေး စေလိုပါကြောင်း၊ လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဆရာ ဆရာမများ၏ လိုအပ်ချက်၊ အခက်အခဲများကို ဖြည့်ဆည်းပေးရန် နှင့် Check List ဖြင့် သင်ယူ တတ်မြောက်မှု အရည်အသွေး ကောင်းမွန်ရန် စိစစ်ဆောင်ရွက်ပေး ကြရမည် ဖြစ်ပါကြောင်း၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင်နှင့် အမျိုး သား သင်ရိုးညွှန်းတမ်းကော်မတီတို့မှ ဆရာကြီး ဆရာမကြီးများကလည်း ဝိုင်းဝန်းဆွေးနွေးအကြံပြု၍ သင်ရိုး ညွှန်းတမ်းများကို အတည်ပြုပေးစေ လိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ သင်ယူမှုအခွင့် အလမ်း မဆုံးရှုံးစေရေးအတွက် ရှိနေ သည့်အခြေအနေတွင် အဖြစ်သင့်ဆုံး အကောင်းဆုံး အနေအထားဖြင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည် ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကား ပြောကြားပြီး အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ မြင့်ဆွေက သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသည်။

ယင်းနောက် အစည်းအဝေး တက်ရောက်လာသူများက အခြေခံ ပညာသင်ရိုးနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကြသည်။

အခမ်းအနားသို့ အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စာစစ်မှူးချုပ်များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီမှ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရ သည်။

 

 



Bookmark the permalink.

Comments are closed.