e – Learning Management System ဆိုင်ရာ လက်တွေ့အသုံးချသင်တန်းဖွင့်ပွဲ ကျင်းပ


Date : 28 July, 2020

1

output_ldoTxM
နေပြည်တော် ဇူလိုင် ၂၈

ပါမောက္ခချုပ်များကော်မတီက ကြီးမှူး၍ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံး စေရန် ရည်ရွယ်လျက် ကိုဗစ်-၁၉ကာလ ပညာရေးလုပ်ငန်း များ အောင်မြင်ချောမွေ့စွာ အကောင် အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ သက်ဆိုင်ရာ ဆရာ ဆရာမများအား e – Learning Management System ဆိုင်ရာ လက်တွေ့အသုံးချသင်တန်း ဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက အွန်လိုင်းစနစ်သုံး၍ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် မည်သည့်ခွဲခြားမှုမျှမရှိဘဲ အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် စုပေါင်းအားဖြင့်ရုန်း၍ အားဖြည့်ဆောင်ရွက်ရမည့်အချိန် ဖြစ်ပါကြောင်း၊ တာဝန်ယူ၊ တာဝန်ခံပြီး ပူးပေါင်းဆောင်ရွက် တတ်၍ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိသော လူသား ကောင်းများ ဖြစ်လာစေရေးအတွက် အရည်အသွေးရှိသော ပညာရေးကို ဦးတည်ကာ ပြုပြင်ပြောင်းလဲ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သူငယ်တန်း +၁၂ တန်း အခြေခံပညာရေးနှင့် လိုက်လျောညီထွေရှိသည့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများမြှင့်တင်ခြင်း၊ ၂၁ ရာစုဆိုင်ရာ တတ်ကျွမ်းမှုများရရှိစေမည့် သင်ကြားသင်ယူမှုနည်းလမ်း၊ စစ်ဆေးအကဲဖြတ်ခြင်းများနှင့် အသုံးချသုတေသန၊ စီမံ ခန့်ခွဲမှုဆိုင်ရာများတွင် လက်တွေ့ကျသော တိုးတက်မှုများ၊ တန်ဖိုးထားမှုများ၊ သင်ယူတတ်မြောက်မှုနှင့် စွမ်းဆောင် ရည်များ မြှင့်တင်ပေးနိုင်ရေးအတွက် အားသာချက်များ၊ အားနည်းချက်များကို ပူးပေါင်းတာဝန်ယူတာဝန်ခံပြီး လေ့လာဆန်းစစ်အကဲဖြတ်သုံးသပ်ကာ ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အလုပ် အကိုင်ကောင်းရရှိရန်၊ သင်ယူသူများ၏ အနာဂတ်ဘဝ သာယာလှပရန် လိုအပ်သောယှဉ်ပြိုင်နိုင်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရေးအတွက် ဒေသအကျိုးပြု ဘွဲ့သင်တန်း များ၊ ဒေသအကျိုးပြုစွမ်းဆောင်ရည် မြင့်မားရေး ကာလတို နှင့် ကာလရှည်သင်တန်းများ၊ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီ အစဉ်များ အရေးကြီးပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက် မှုလျင်မြန်သော ယနေ့ခေတ်ကာလတွင် စာသင်ခန်းတွင်း သင်ယူခြင်း၊ အွန်လိုင်းသင်ယူခြင်း၊ အော့ဖ်လိုင်းသင်ယူခြင်း၊ ပေါင်းစပ်သင်ယူခြင်းစသည့် သင်ကြားသင်ယူမှု နည်းလမ်း ပေါင်းစုံဖြင့် သင်ယူတတ်မြောက်မှုကောင်းမွန်ရေး ကြိုးပမ်း ဆောင်ရွက်လာသည်ကို တွေ့ရမှာဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရှိ ကျောင်း၊ သိပ္ပံ၊ ကောလိပ်၊ ဒီဂရီ ကောလိပ်၊ တက္ကသိုလ်များတွင် နှစ်ပေါင်းများစွာ ပညာရေး အားနည်းခဲ့သဖြင့် ဆရာ၊ သင်ရိုးညွှန်းတမ်း၊ သင်ကြား သင်ယူမှုနည်းလမ်း၊ စာသင်ခန်း၊ စာသင်ခုံ၊ လက်တွေ့ခန်း ပစ္စည်းများ၊ သန့်စင်ခန်း၊ စားသောက်ဆိုင်၊ စာကြည့်တိုက်၊ အိုင်စီတီ၊ အိပ်ဆောင်၊ အိမ်ရာ စသည့် အဓိကလိုအပ်ချက်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများစွာတို့ကို ဖြေရှင်းဖြည့်ဆည်း ဆောင်ရွက်နေရသောကြောင့် ယခုအချိန်တွင် နည်းပညာ နှင့်ပတ်သက်၍ အဆင်သင့်မဖြစ်သေးသော်လည်း တက္ကသိုလ်များတွင် ဝက်ဘ်ဆိုက်များ တည်ဆောက်ခြင်း၊ အီးမေးလ်များ အသုံးပြုရန် အားပေးခြင်း၊ ဝန်ကြီးဌာနတွင် Myanmar Digital Education Platform တည်ဆောက်ခြင်း၊ အွန်လိုင်းသင်တန်းများ စီစဉ်ဆောင်ရွက်ခြင်း၊ အွန်လိုင်း သင်ယူမှုအတွက် လိုအပ်သော e-Books and References, e-Learning Resources, e-Learning Management System များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း များ ဆောင်ရွက်ခြင်းတို့ကို အားပေးလျက်ရှိပါကြောင်း၊ လိုအပ်ချက်များကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းစီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့သင်တန်းအတွက် ဦးစီးဆောင်ရွက်ကြ သည့် ပါမောက္ခချုပ်များ ကော်မတီ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမ များ၊ ဝန်ထမ်း များ၊ ကျောင်းသား ကျောင်းသူများအားလုံးနှင့် ကျေးဇူးတင်ထိုက်သူများအားလုံးတို့ကို ကျေးဇူးအထူးတင်ရှိ မှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။

အခြေခံ e – Learning Management System ဆိုင်ရာ လက်တွေ့အသုံးချ သင်တန်းများကို ပါမောက္ခချုပ်များ ကော်မတီ၊ ပြန်ကြားရေးသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာလုပ်ငန်းအဖွဲ့မှ မော်ဂျူး ၁၀ ခုဖြင့် အွန်လိုင်းစနစ်သုံးကာ ပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်း များကို ကျောင်းများအလိုက် Zoom Application; ID နှင့် Password များ တစ်ပါတည်းပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 



Bookmark the permalink.

Comments are closed.