ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးပညာရေးဝန်ကြီးဌာနနှင့် အိန္ဒိယသံရုံးတို့အကြား စာကြည့်တိုက်ပစ္စည်းများနှင့် ဆော့ဖ်ဝဲများ ထောက်ပံ့ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ တက်ရောက်


Date : 31 August, 2020

DSC_0740-1-72-720x477
Aug 31
နေပြည်တော် ဩဂုတ်၃၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ညနေ ၄ နာရီက ရုံးအမှတ်၂၁တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာနနှင့် အိန္ဒိယသံရုံးတို့အကြား စာကြည့်တိုက်ပစ္စည်းများနှင့် ဆော့ဖ်ဝဲများထောက်ပံ့ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါသဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr. Saurabh Kumar နှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့ လက်မှတ်ရေးထိုးခဲ့ကြပြီး အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ ၊ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
ဂျပန်နိုင်ငံအစိုးရအကူအညီဖြင့် ရခိုင်ပြည်နယ်စစ်တွေ၊ မာန်အောင်၊ ပေါက်တော၊ မောင်တောနှင့် မြေပုံမြို့နယ်များတွင် တည်ဆောက်ခဲ့သော ကျောင်း၁၅ကျောင်းတွင် အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ပညာရေးဝန်ကြီးဌာနနှင့် အိန္ဒိယသံရုံးတို့အကြား စာကြည့်တိုက်ပစ္စည်းများနှင့် ဆော့ဖ်ဝဲများ ထောက်ပံ့ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


Bookmark the permalink.

Comments are closed.