ပညာရေးကဏ္ဍ လေ့လာသုံးသပ်ခြင်းဆိုင်ရာ အွန်လိုင်းအစည်းအဝေး ကျင်းပ


Date : 19 November, 2020

2

Webp.net-gifmaker

နေပြည်တော် နိုဝင်ဘာ ၁၈

ပညာရေးကဏ္ဍ လေ့လာသုံးသပ်ခြင်း (Education Sector Analysis) ဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ပညာရေးဝန်ကြီးဌာနနှင့် ယူနက်စကို-မြန်မာတို့ ပူးပေါင်း၍ အွန်လိုင်းမှ ကျင်းပသည်။

အစည်းအဝေးတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး ကဏ္ဍ လေ့လာသုံးသပ်ခြင်း အစီရင် ခံစာထွက်ပေါ်ရေးအတွက် သက်ဆိုင် ရာ ဝန်ကြီးဌာနများနှင့် ယူနက်စကို ပညာရေးစီမံကိန်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (UNESCO IIEP)မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသူ များအားလုံးကို အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀) နှင့် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင် (SDG) ၂၀၃၀ ရည်မှန်းချက်များ ပြည့်မီရေးသို့ ဦးတည်ကာ ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှု (CESR)မှ အပိုင်း (၁) Rapid Assess-ment အပိုင်း (၂) In-depth Analysis မှ အကြံပြုထောက်ခံချက်များ၊ အမျိုး သားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) နှစ်လယ်သုံးသပ်ချက် အစီရင်ခံစာတို့မှ ထောက်ခံအကြံ ပြုချက်များ၊ လက်တွေ့အကောင် အထည်ဖော်ရာတွင် လေ့လာတွေ့ရှိ ရသည့် အောင်မြင်မှုများနှင့် စိန်ခေါ် မှုများတို့ကို အခြေခံကာ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို ရေးဆွဲလျက်ရှိပါ ကြောင်း၊ ဘေးကင်းလုံခြုံ၍ ကျန်းမာ ပျော်ရွှင်သော အရည်အသွေးရှိ တစ်သက်တာသင်ယူမှု ပတ်ဝန်းကျင် ကောင်းများဖြစ်လာစေရန် ဖြည့်ဆည်း ၍ သင်ယူတတ်မြောက်မှုစွမ်းရည် များနှင့် လူမှုရေးဆိုင်ရာ စွမ်းရည်များ မြင့်မားလာစေရန် ဦးတည်၍ Stake-holders များ၏ အကြံပြုချက်များကို ထည့်သွင်းပြုစုလျက် ရှိပါကြောင်း။

နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် လိုက်လျောညီထွေ ရှိစေရန်လည်း အလေးထားပူးပေါင်းရေးဆွဲလျက်ရှိပါကြောင်း၊ ပညာရေး ကဏ္ဍလေ့လာသုံးသပ်ခြင်း (Educa-tion Sector Analysis) မှ အဓိက တွေ့ရှိချက်များသည် မဟာဗျူဟာ စီမံကိန်းများနှင့် လုပ်ငန်းစဉ်များကို အထောက်အကူပြုပါကြောင်း ပြော ကြားသည်။

ယင်းနောက် ယူနက်စကို-မြန်မာ ၏ Head of Office ဖြစ်သူ Ms. Kim Min Jeong က အမှာစကားပြောကြား ကာ UNESCO-IIEP မှ တာဝန်ရှိသူ တစ်ဦးက ပညာရေးကဏ္ဍ လေ့လာ သုံးသပ်မှု၏ အဓိကတွေ့ရှိချက်များကို တင်ပြဆွေးနွေးရာ တက်ရောက်လာ ကြသူများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပညာရေး နှင့်ဆက်စပ်သော ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် အရာရှိ ကြီးများ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များ၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

 



Bookmark the permalink.

Comments are closed.