
နေပြည်တော် ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အဖွဲ့၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့နှင့် ပါမောက္ခချုပ်များကော််မတီတို့မှ ဆရာကြီး ဆရာမကြီးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်အဖွဲ့၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့နှင့် ပါမောက္ခချုပ်များကော်မတီတို့မှ ဆရာကြီးဆရာမကြီးများ၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနရှိ ဉီးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ပါဝင်ဆွေးနွေးကြသည်။
အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးကို အစီအစဉ်တိုင်း ဆက်လက်ကျင်းပကြကြောင်း သိရသည်။