
နေပြည်တော် ဇန်နဝါရီ ၁၀
ရန်ကုန်တက္ကသိုလ်နှင့် Virtual Meeting အစည်းအဝေးကို ယနေ့နေ့လယ် ၁ နာရီတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်၊ ဉီးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ မဟာဌာနမှူးများ၊ ပါမောက္ခများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။