ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး The Education Commission ၏ Education work Force Initiative (EWI) lead ဖြစ်သူ Amy Bellinger နှင့်တွေ့ဆုံ


Date : 13 January, 2021

DSC_6077

Jan 13

နေပြည်တော် ဇန်နဝါရီ ၁၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အမေရိကန်နိုင်ငံ New York အခြေစိုက် The Education Commission ၏ Education Work Force Initiative (EWI)  lead  ဖြစ်သူ  Amy Bellinger  အား ယနေ့ ညနေ ၅ နာရီတွင် Virtual Meeting ဖြင့် လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေဝင်းဦး၊  အမေရိကန်နိုင်ငံ New York အခြေစိုက် The Education Commission ၏ Education work Force Initiative (EWI)  lead  ဖြစ်သူ  Amy Bellinger နှင့် သက်ဆိုင်ရာတာဝန်ရှိ သူများ  တက်ရောက်ကြပြီး ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.