ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပညာရေးစီမံခန့်ခွဲမှု (Certificate in Educational Management (CEM)) (Batch 1) သင်တန်းတွင် သင်တန်းပို့ချ


Date : 16 January, 2021

1

Jan 16

နေပြည်တော် ဇန်နဝါရီ ၁၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် ပညာရေးစီမံခန့်ခွဲမှု (Certificate in Educational Management (CEM)) (Batch 1) သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား “Achievements and Challenges of the Ministry of Education” ခေါင်းစဉ်ဖြင့် သင်တန်းပို့ချသည်။

ပညာရေးစီမံခန့်ခွဲမှုသင်တန်း (CEM Batch 1)ကို ရန်ကုန် ပညာရေးတက္ကသိုလ်မှကြီးမှူး၍ ပညာရေးသဘောတရားနှင့် ပညာရေးစီမံခွဲမှုဌာနမှ ဉီးစီးစီမံဆောင်ရွက်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်နေ့တွင် Zoom App အသုံးပြုကာ အွန်လိုင်းစနစ်ဖြင့် စတင်ဖွင့်လှစ်ပို့ ချခဲ့သည်။ သင်တန်းသို့ ညွန်ကြားရေးမှူးချုပ်(၃)ဦး၊ ပါမောက္ခချုပ်(၅)ဦး၊ ဒုတိယညွှန်ကြားရေး မှူးချုပ်(၈)ဦး၊ ဒုတိယပါမောက္ခချုပ်(၁၉)ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအုပ်ကြီး(၂)ဦး၊ ညွှန်ကြားရေးမှူး(၁၀)ဦးနှင့် အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီး (၃)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်သည်။

ယခု ဖွင့်လှစ်သည့် CEM သင်တန်း၌ ရန်ကုန် ပညာရေးတက္ကသိုလ် ပညာရေးသဘောတရားနှင့် ပညာရေး စီမံခွဲမှုဌာနမှ ပညာရှင်များနှင့် ပြင်ပမှပညာရှင်များ ပူးပေါင်း၍ ပညာရေးဆိုင်ရာ ဦးဆောင်စီမံ ဆောင်ရွက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ သုတေသနနှင့် စီမံကိန်းရေးဆွဲခြင်း၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဆက်သွယ်ပြောဆိုမှု စွမ်းရည်တို့ကို ပို့ချသည်။ သင်တန်းတွင် interactive discussion၊ self- directed learning တို့ အသုံးပြု၍ ပို့ချခဲ့ပြီး သက်ဆိုင်ရာ modules အလိုက် assignments ပေး၍ စစ်ဆေးခဲ့သည်။

ပညာရေးစီမံခန့်ခွဲမှုသင်တန်း (CEM Batch 2) ကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်ရန်စီစဉ် ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို လက်တွေ့အကျိုးရှိ ထိရောက်ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ပညာရေးဆိုင်ရာ စိန်ခေါ်မှုများကို စဉ်ဆက်မပျက်ကျော်လွှားနိုင်စွမ်းရှိသည့် ဆရာ၊ဆရာမများ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးနှင့်သက်ဆိုင်သည့်သူများဖြင့် အရည်အသွေးရှိသည့် ပညာရေးစနစ်ကို စုပေါင်းအားဖြင့် ပူးပေါင်းတာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.