ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့၊ပါမောက္ခချုပ်များကော်မတီတို့မှ ဆရာကြီးဆရာမကြီးများ၊ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်(၁၆)ကျောင်းမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 17 January, 2021

2

Webp.net-gifmaker

နေပြည်တော် ဇန်နဝါရီ ၁၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အဖွဲ့၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီအဖွဲ့နှင့် ပါမောက္ခချုပ်များကော််မတီတို့မှ ဆရာကြီး ဆရာမကြီးများ၊ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်(၁၆)ကျောင်းမှပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်အဖွဲ့၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ အဖွဲ့နှင့် ပါမောက္ခချုပ်များကော်မတီတို့မှ ဆရာကြီး ဆရာမကြီးများ၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနရှိ ဉီးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်၊ မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ်၊ မန္တ‌လေးအဝေးသင်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ် များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားပြီး တက္ကသိုလ်များ လွတ်လပ်သောကိုယ်ပိုင်စီမံခန့်ခွဲခွင့်ကို ဦးတည် အကောင်အထည်ဖော်ခြင်း၊ တက္ကသိုလ်ပဋိဉာဉ်(မူကြမ်း) ပြုစုခြင်းများကို အမျိုးသားပညာရေး ဥပဒေ၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေးကြသည်။ ဒီမိုကရေစီပြည်ထောင်စုကိုအထောက်အကူပြုသော လက်တွေ့ကျ၊ အကျိုးရှိပွင့်လင်းမြင်သာသည့် အရည်အသွေးရှိပညာရေးကို ဆက်လက်ဖော်ဆောင်ရန် လိုအပ်သည့် (IQနှင့်EQ)မြင့်မားသည့် ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားဟောင်းများ၊ လုပ်ငန်းရှင်များ၊ တိုင်းရင်းသားပြည်သူများတို့၏ စုပေါင်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးကြကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.