
နေပြည်တော် ဇန်နဝါရီ ၂၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်များတွေ့ဆုံပွဲကို ယနေ့ နံနက် ၉း၃၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ အခြေခံပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းအုပ် ဆရာဆရာမများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ အွန်လိုင်းစနစ်ဖြင့် ပါဝင် တက်ရောက်ဆွေးနွေးကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးက အမှာစကားပြောပြီး နေပြည်တော် ကောင်စီနယ်မြေ ပညာရေးမှူး ဦးမျိုးဝင်းအောင်က လယ်ဝေးမြို့နယ်၏ပညာရေးအခြေအနေကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် တက်ရောက်လာသည့် အခြေခံပညာမူလတန်းကျောင်းအုပ်များက ပညာရေးဆိုင်ရာ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေး ဖြေကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အရည်အသွေးရှိသောပညာရေး စနစ်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဆက်လက်၍ စုပေါင်းအင်အားဖြင့်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။