ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး ဘူမိဗေဒနှင့်သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်


Date : 25 January, 2021

1

1

နေပြည်တော် ဇန်နဝါရီ ၂၅

မြိတ်တက္ကသိုလ်ဘူမိဗေဒဌာနမှ ဦးဆောင်ကျင်းပသည့် ဘူမိဗေဒနှင့်သဘာဝဘေးအန္တရာယ် လျော့ချ ရေးဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉း၃၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဇော်မြင့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦး၊ မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သူရဦးနှင့် Dr. Jian Lin (Director, South China Sea Institute of Oceanology/Southern University of Science and Technology/Woods Hole Oceanographic Institution) တို့က ဘူမိဗေဒနှင့်သဘာဝ ဘေးအန္တရာယ် လျော့ချရေးဆိုင်ရာသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် သင်တန်းနှင့်အလုပ်ရုံဆွေးနွေးပွဲအား အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြကြောင်း သတင်းရရှိသည်။

 



Bookmark the permalink.

Comments are closed.