Research Universities များအဆင့်ထိ ရောက်အောင် ရည်မှန်းချက်များထားရှိရေး


Date : 1 November, 2012

IMG_0618888

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်နှင့် စက်မှုနိုင်ငံတစ်နိုင်ငံ အဖြစ်တည်ဆောက်ရာတွင် မရှိမဖြစ် လိုအပ်ချက်ဖြစ်သော နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အချင်းပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ၌ရှိသော အဆင့်မြင့်နည်းပညာ တက္ကသိုလ်များတွင် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမှုနည်းစနစ်များ၊ စာမေးပွဲစစ်ဆေးသည့် နည်းစနစ်များ၊ သင်းကြားမည့် စာသင်ခန်းများ၊ အလုပ်ရုံများ အဆင့်အတန်း မြင့်မားစွာရှိရေးတို့ လိုအပ်ကြောင်း၊ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရာတွင် နိုင်ငံတော် အကျိုးပြု သုတေသန လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်းနှင့် အဆင့်မြင့်နည်းပညာတက္ကသိုလ်များအား Research Universities များအဆင့်ထိ ရောက်အောင် ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမကြီးများမှ ရည်မှန်းချက်များထားရှိ ကြိုးစား နေရမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသော ညှိနှိုင်းအစည်းအဝေးပွဲ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် အငြိမ်းစားပညာရှင်ကြီးဖြစ်သော ပါမောက္ခ ဦးညီလှငယ်နှင့် ဒုတိယပါမောက္ခချုပ် တို့မှ ရန်ကုန်နည်းပညာတက္ကသိုလ်အား (Centre of Excellence)အဖြစ် ဖွင့်လှစ်ရန်အတွက် လက်ရှိအချိန်တွင် ပြင်ဆင်ထားရှိမှုများ၊ ပြီးစီးမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်း မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ ရောက်ရှိပြီး ၂၀၁၂ – ၂၀၁၃ ခု၊ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတန်းများဖြင့် အဆင့်အတန်းမြင့်မားစွာ ပညာသင်ကြားနိုင်ရေး၊ e-library များထူထောင်၍ အဆင့်အတန်းမီ သင်ထောက်ကူပစ္စည်းများထားရှိရေး ဆောင်ရွက် ထားကြရန်နှင့် ကွန်ပျူတာအသုံးပြုသည်‌့အချိန် တိုးမြှင့်ပေး၍ လက်တွေ့ ကျွမ်းကျင်သူများ ဖြစ်လာစေရန် သင်ကြားနိုင်ရေးတို့အတွက် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်IMG_0696666ထောင်စုဝန်ကြီးသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အတွင်းရှိ ကွန်ပျူတာစက်ခန်းများ၊ သုတေသနလုပ်ဆောင်လျက်ရှိသော သုတေသနလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.