နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကွန်ပျူတာတက္ကသိုလ်များ(၂၀၁၂-၂၀၁၃) ခု ပညာသင်နှစ်အတွက် ကျောင်းဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ


Date : 26 November, 2012

IMG_7076

နေပြည်တော်၊ နိုဝင်ဘာ ၂၆
သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဘားအံမြို့သို့ ရောက်ရှိခဲ့ပြီး၂၀၁၂-၂၀၁၃ခု ပညာသင်နှစ် ဖွင့်လှစ်နိုင်ရေး ကြိုတင် ပြင်ဆင်ထားရှိမှုများကိုကြည့်ရှုစစ်ဆေး၍နည်းပညာတက္ကသိုလ်(ဘားအံ)ရှိအစည်းအဝေးခန်းမ၌ နည်းပညာတက္ကသိုလ်(ဘားအံ)၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(ဘားအံ)တို့ရှိတာဝန်ထမ်းဆောင်လျက်ရှိသောကျောင်းအုပ်ကြီးများ၊ဌာနမှူးများနင့် ဆရာ၊ ဆရာမများအားတွေ့ဆုံ၍အမှာစကားပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်သည့် အရည်အချင်း ပြည့်ဝသောလူ့စွမ်းအား အရင်းအမြစ်များပြုစုပျိုးထောင်နိုင်ရေးနှင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့အား အကျိုးပြုနိုင်သောသုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိကိုယ်ပိုင် အရည်အသွေးနှင့် စိတ်ဓါတ်မြင့်မားရေးအတွက် အစဉ်တစိုက် ကြိုးပမ်းသွားကြရန်၊ ကျောင်းသား၊ ကျောင်းသူများစံနမူနာယူထိုက်သောဆရာ၊ ဆရာမများဖြစ်အောင် ဆရာ့ဂုဏ်ရည်နှင့် အည စည်းကမ်းတကျ ကျင့်ကြံနေထိုင်သွားကြရန်၊ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ သင်ခန်းစာများကို ယမန်နှစ်ထက်ပို၍ စနစ်တကျ သင်ကြားပေးရန်၊ကျောင်းသား၊ ကျောင်းသူများအပေါ် စေတနာမှန်ဖြင့် သင်ကြားပေးမှု၊ ဘက်မလိုက်ဘဲမှန်ကန်သောစီမံခန့်ခွဲမှုများဖြင့် အုပ်ချုပ်သွားကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ဘားအံ)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ကို ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားရာတွင် စာသင်ခန်းများလုံလောက်မှုရှိရေး၊ စာသင်ခန်း များ၊ လက်တွေ့ခန်းများကောင်းမွန်မှုရှိရေး၊ လက်တွေ့ပစ္စည်းများလုံလောက်မှုရှိရေးနှင့် ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေးတို့အားဂရုတစိုက် ဆောင်ရွက်ထားရန် ကျောင်းအုပ်ကြီး၊ ဌာနမှူးများနှင့် တာဝန်ရှိသူများအားတွေ့ဆုံကာလမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့သို့ ဆက်လက်သွားရောက်ခဲ့ပြီး နည်းပညာတက္ကသိုလ်(မော်လမြိုင်)၌ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ နည်းပညာတက္ကသိုလ်(မော်လမြိုင်)၊ ကွန်ပျူတာတက္ကသိုလ်(သထုံ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်)များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.