နိုင်ငံတကာအဆင့်မီ အင်ဂျင်နီယာများဖြစ်ရန် နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ကြိုးစားရန်လိုအပ်


Date : 26 January, 2013

IMG_9016

နေပြည်တော်၊ ဇန်နဝါရီ ၂၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံရာ၌ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် တက္ကသိုလ်များ စတက်ချိန်မှ ဘွဲ့ရရှိချိန်ထိ အာရုံစူးစိုက်၍ အားသွန်ခွန်စိုက် ကြိုးစား သင်ယူ လေ့လာကြရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတကာအဆင့်မီ ဘွဲ့ရရှိသူများ ဖြစ်လာမည်ဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် မိမိတို့ရည်မှန်းထားသော သုတေသနအခြေပြု တက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့် နိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ပစ္စည်းများ ပြည့်စုံမှုရှိစေရန်နှင့် e-Library များထားရှိပြီး သင်ကြားရေးစနစ်တွင် အထောက်အကူဖြစ်စေရန် ဆက်လက်ဖြည့်ဆည်း ပေးမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း အကျိုးရှိရှိ အသုံးချကြရန် လိုအပ်ကြောင်း မှာကြားပြီး ကျောင်းသား၊ ကျောင်းသူများစာသင်ကြားနေမှုများနှင့် လက်တွေ့ခန်း များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.