မိမိတို့၏အရည်အသွေး ပိုမိမြင့်မားလာစေရန် လေ့လာမှုများ၊ သုတေသနလုပ်ဆောင်မှုများ မပြတ်ဆောင်ရွက်


Date : 9 February, 2013

DSCN3454

နေပြည်တော် ဖေဖော်ဝါရီ ၁၂
သုတေသနလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုမည့် သုတေသနလုပ်ငန်းများ ပေါ်ထွန်းနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာ သုတေသနနယ်ပယ်အသီးသီး၌ မိမိတို့တတ်သိ နားလည် ထားသလောက်ဖြင့် ဆောင်ရွက်နေရုံဖြင့်မပြီးဘဲ မိမိတို့၏အရည်အသွေး ပိုမိုမြင့်မား လာစေရန်အတွက် လေ့လာမှုများ၊ သုတေသန လုပ်ဆောင်မှုများ မပြတ်ဆောင်ရွက်ကြရန်၊ သုတေသနလုပ်ငန်းများကို လုပ်ဆောင်ရာတွင် လတ်တလော အကျိုးပြု နိုင်ရန်အတွက် ကြိုးပမ်းလုပ်ဆောင်ကြရန်နှင့် ရေရှည်အတွက်လည်း သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ကြရန်၊ သုတေသနလုပ်ငန်းများကို လုပ်ဆောင်ရာတွင် အောင်မြင်မှုရှိစေရန် ရည်မှန်းချက်ထား ကြိုးပမ်းကြရန် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် ဘာသာရပ် ကျွမ်းကျင်ရုံသာမကဘဲ အင်္ဂလိပ်စာကိုလည်း ကျွမ်းကျင်စွာ အသုံးချနိုင်မှ စီမံချက်များရေးသားခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်၍ အင်္ဂလိပ်စာ ပိုမိုကျွမ်းကျင် လာစေရေးအတွက်လည်း လေ့လာဆောင်ရွက်ကြရန် ဖေဖော်ဝါရီလ ၁၀ ရက်တွင် မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာန၌ ကျင်းပသော သုတေသနလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် သုတေသနပညာရှင်များက သုတေသနလုပ်ငန်း လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.